အပိုင်း-(၉)

1.4K 207 24
                                    

အပိုင်း-(၉)

     ကြောက်မက်ဖွယ် အလိမ်အညာများနှင့် ချစ်ခြင်းမေတ္တာကို သက်ဆုံးတိုင်မြဲမြံစေရန် မျှော်ကိုးယုံကြည် ထားသင့်သည်လား။ အက္ခရာဂဏန်း တစ်မှစ၍ လွဲချော်ခဲ့သည့် စကားလုံးများသည် မုသားများဖြင့် အဖုံးအုပ်ထားခဲ့သည်။ ချစ်မိသည်က သည်တစ်ယောက်တည်းကို ဖြစ်သည်။ ဘဝတွင် သည်လူတစ်ဦးတည်းသာလျှင် ဖြစ်ချေသည်။ ချစ်နေမိလျှင် မုသားသည်ပင် ချစ်သူ၏နားထဲ၊ ထိုသူ၏မျက်ဝန်းထဲတွင် ချိုမြိန်နေစေချင်သည်။ နာကျင်စေမည့် ကံကြမ္မာမျိုးဖြင့် မွေးဖွားလာ‌ခဲ့သော်ငြား သူကချစ်တတ်ခဲ့သည်သာ။ အချစ်ကအလိမ်အညာဆိုလျှင်၊ အပြစ်ကသူကိုယ်တိုင်သာ ဖြစ်မည်။

     ခန္ဓာကိုယ်အပေါ်ပိုင်းက အဝတ်မပါခဲ့ပါ။ စောင်ဖြင့်လွှမ်းခြုံထားသည့် ခန္ဓာကိုယ်အောက်ပိုင်းသည်လည်း ဤကဲ့သို့ပင် ဖြစ်နိုင်သည်။ မျက်ဝန်းများကို မှိတ်ချထားသည့် မျက်နှာလေးက အေးအေးချမ်းချမ်း ရှိလှသည်။ ပက်လက်ပုံစံဖြင့် လှဲအိပ်နေသည်ဖြစ်၍ မွေ့ယာပေါ်၌ ဝဲကာကျသည့် ဆံနွယ်များကြောင့် နဖူးကျဉ်းကျဉ်းကထင်း၍ အလှပိုနေသည်။ ထယ်ယောင်းက ထိုအရာများကို ဦးနှောက်ထဲ၌ အထပ်ထပ်ရိုက်သွင်းသည်။

     ရင်ထဲ၌ ပြော၍မတတ်နိုင်သည်အထိ ဗလောင်ဆူသည်။ ခန္ဓာကိုယ်တခုလုံးရှိ သွေးကြောများက ပေါက်ကွဲလွင့်စင်ကြတော့မည့်ဟန်။ စီးဆင်းနေသည့် အသွေးအသားများသည်လည်း အထက်အောက်ပြောင်းပြန် ဖြစ်သကဲ့သို့ မယုံကြည်နိုင်သည့် အသိနှင့်အတူ အမှန်ဖြစ်နေသည့် လက်တွေ့ကျခြင်းက အပြင်းအထန် နာကျင်စေနေသည်။ ဂျွန့်ဖြစ်တည်မှုက ဆန်းပြားလျှို့ဝှက်သည်ကို သူနားလည်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုကဲ့သို့ လွန်စွာဆိုးရွားသည့် ပုံပန်းသဏ္ဌာန်မျိုးဖြင့် ဆန်းပြားခဲ့မည်ဟူ၍ မထင်မှတ်ထားခဲ့။ ရိုးရှင်းလှသည့် အချစ်များက သမုဒ္ဒရာထဲ ခဲလုံးပစ်ချသည့်နှယ်။ ဆုံးဆုံးမြုပ်သွားခဲ့သည်ပဲ ဖြစ်သည်။

"ဂျောင်ဂု။ ဂျွန်ဂျောင်ဂုကလေ ဒယ်ဒီရဲ့အငယ်အနှောင်းပဲ။"

Value ||Edited Version||Where stories live. Discover now