ဆိတ်ငြိမ်အေးချမ်းတဲ့ တောင်ပေါ်မြို့လေး။
စိမ်းစိုနေတဲ့ သစ်ပင်တွေက လေအဝေ့မှာ ယိမ်းနေကြတယ်။ မြက်ခင်းစိမ်းတွေဆီမှာတော့ သိုးကျောင်းသားလေး ထိန်းကျောင်းနေတဲ့ သိုးအုပ်က တရွေ့ရွေ့။အနီးအနားက ဘုရားကျောင်းတစ်ခုက အိုဟောင်းနေတဲ့ ခြံစည်းရိုးတွေနဲ့ ကာရံထားတယ်။ ဘုရားကျောင်းအတွင်းဆီက အညိုရောင်ခုံတန်းတွေဆီမှာ ရှောင်ကျန့် ထိုင်နေတယ်။
သူ့ဆီက အသက်ရှူသံကလွဲရင် အရာရာက တိတ်ဆိတ်နေတယ်။ သူ့ရဲ့ လက်ထဲက စာအုပ်ကို ဖွင့်လိုက်တဲ့နောက် စာမျက်နှာတိုင်းမှာ ခြောက်သွေ့နေပြီဖြစ်တဲ့ မျက်ရည်စက်တွေရှိတယ်။
စာမျက်နှာတစ်ခုစီက ပုံတူပန်းချီတွေက သူကိုယ်တိုင်ဖြစ်တယ်။ ဒါဟာ သူ့ရဲ့ ဘယ်နှကြိမ်မြောက်သော ဖွင့်ကြည့်ခြင်းလဲ မမှတ်မိလောက်တဲ့အထိ။ သူ အလွတ်ရမတတ် ဒီစာအုပ်ကို
အကြိမ်ကြိမ် ဖွင့်ကြည့်မိခဲ့တယ်။ပုံမဆွဲတတ်ဘူး ပြောတဲ့ ကောင်လေးက
အဲ့ဒီ ပုံတွေကို ဆွဲခဲ့တာပါတဲ့....။
ဘယ်လို အလိမ်အညာမျိုးဖြစ်မလဲ။
ဖွင့်ထားတဲ့ စာမျက်နှာဆီက ပုံထဲမှာ ရှောင်ကျန့်က မျက်လွှာတွေချပြီး အိပ်ပျော်နေခဲ့တယ်။
.
.
.
.လွန်ခဲ့တဲ့ လအနည်းငယ်က။
တောင်ပေါ်မြို့လေးရဲ့ ဆောင်းရာသီက သိပ်လှတယ်။ မနက်စောစောမှာ မှုန်ဝါးနေတဲ့ မြူတွေကို အိမ်ရဲ့ ပြတင်းကတဆင့် မြင်နေရတယ်။ အခန်းထောင့်က မီးလင်းဖိုထဲ ထင်းတချို့ကို ထည့်ပြီးတဲ့နောက် ရှောင်ကျန့်က သူ့ရဲ့ ဆွယ်တာပေါ်က ဂျုံမှုန့်တချို့ကို ခါပစ်လိုက်တယ်။
အိမ်အပြင်ဘက်ဆီ တစ်ချက်ငေးကြည့်နေတုန်း ခြေထောက်တွေဆီ ပွတ်သက်လာတဲ့ ကြောင်လေးကြောင့် သူ ပြုံးမိသေးတယ်။ အပြင်ထွက်ဖို့ရာ စောသေးတာမို့ ကောက်ချီလိုက်တဲ့ လက်ထဲက ကြောင်လေးနဲ့သာ အချိန်ဖြုန်းဖို့ သူ တွေးလိုက်တော့တယ်။
မာဖလာတစ်ထည်ကို လည်ပင်းဆီပတ်ပြီး အထုတ်တချို့နဲ့ ရှောင်ကျန့် အိမ်ပြင်ထွက်လာခဲ့တဲ့ အချိန်က
မနက် ၉နာရီ။ မြူတွေအစား နေရောင်ဖြာနေပြီမို့ ေလထုက မနက်အစောပိုင်းကလောက် မအေးတော့။
YOU ARE READING
𝑜𝑛𝑐𝑒 𝑢𝑝𝑜𝑛 𝑖𝑛 𝑐ℎ𝑢𝑟𝑐ℎ [ Completed ]
Fanfiction𝘖𝘯𝘤𝘦 𝘶𝘱𝘰𝘯 𝘪𝘯 𝘤𝘩𝘶𝘳𝘤𝘩,𝘵𝘸𝘰 𝘣𝘰𝘺𝘴 𝘮𝘦𝘵 𝘦𝘢𝘤𝘩 𝘰𝘵𝘩𝘦𝘳.