Church ( U )

652 96 3
                                    

'' မယ်ရီခရစ္စမတ် ''

ဘုရားကျောင်းဝန်းထဲက ခရစ်စမတ်သစ်ပင်ဘေးမှာ ကလေးတွေ ဟစ်ကြွေးရင်း ပျော်ပါးကစားနေကြတယ်။ကောင်းကင်ကြီးက အမှတ်တရကြဲချလိုက်တဲ့ နှင်းမှုန်လေးတွေက လေတွေကြား တလွင့်တမျှော။

အအေးပိုတဲ့ဒေသမို့ အပြင်ဘက်မှာ ရှိနေသမျှ လူတွေတိုင်း အနွေးထည်ထူထူတွေ ဝတ်ထားကြတယ်။
အိမ်တွေတိုင်းမှာတော့ မီးရောင်စုံတန်းတွေ ဆင်ထားကြတာမို့ ဒီညက လှလှပပလေးလေးရှိနေတယ်။

ဘုရားကျောင်းအနောက်ဘက်က ခုံတန်းအပုလေးပေါ်ထိုင်နေတဲ့ ရှောင်ကျန့်က သူ့ရှေ့က မီးပုံဆီ ထင်းချောင်းတချို့ပစ်ထည့်လိုက်တယ်။သူ့ဘေးမှာ ရှိနေတဲ့ ရိပေါ်ကတော့ ငြိမ်ငြိမ်လေးသာ သူလုပ်သမျှ ထိုင်ကြည့်နေတယ်။

ညအမှောင်ထဲ သူတို့မျက်နှာပြင်ပေါ်မှာ မီးပုံဆီက မီးရောင်က ထင်ဟပ်လျက်။ရှောင်ကျန့်နဲ့ ဘာစကားမှမပြောဖြစ်သေးတဲ့ ရိပေါ်က ကောင်းကင်ဆီ မော့ကြည့်မိတော့ ကြယ်တွေက ဟိုတစ်စ ဒီတစ်စ။

ရှင်သန်လာခဲ့တဲ့ ဘဝတစ်လျှောက် ကြယ်တွေကို ငေးကြည့်ဖို့ရာ ဒီလိုအချိန်မျိုးမရှိဖူးခဲ့။မြို့ပြမှာ ရှိခဲ့တဲ့ ဝမ်ရိပေါ်က အတော်မှ အလုပ်တွေများခဲ့တဲ့ပုံပေါ်ပါတယ်။

'' ကြယ်ကြည့်ရတာ ကြိုက်တာလား ရိပေါ်က ''

'' အင်း... လူတွေ သေပြီးတဲ့အခါ ကြယ်ဖြစ်တယ်ဆိုလို့ နေရာ ကြိုရွေးနေတာပါ ''

'' ရိပေါ် ''

စတင်တဲ့စကားအကြောင်းအရာက မနှစ်မြို့စရာမို့ ရှောင်ကျန့် မျက်ခုံးတွေ ကွေးလိုက်မိတယ်။ သူကိုယ်တိုင် ထိုးပြီး ပေးခဲ့တဲ့ သိုးမွှေးဦးထုတ်လေးစောင်းထားတဲ့ ရိပေါ်က သူ့ဆီကြည့်လာပြီး ရယ်ပြတယ်။ ကျန်းမာရေးအခြေအနေကြောင့်တော့ ရိပေါ်ရဲ့ မျက်ဝန်းအောက်တွေက ညိုမှိုင်းမှိုင်း။

'' မယ်ရီခရစ္စမတ်ပါ ရိပေါ် ''

ဘုရားကျောင်းဆီ မလာခင် ညနေအချိန်တည်းက ကြိုးစားလုပ်လာခဲ့တဲ့ cup cake လေးတွေ အစီအရီထည့်ထားတဲ့ ဘူးလေးကို ရှောင်ကျန့် ရိပေါ်ဆီကမ်းပေးရင်း ပြောတယ်။

𝑜𝑛𝑐𝑒 𝑢𝑝𝑜𝑛 𝑖𝑛 𝑐ℎ𝑢𝑟𝑐ℎ [ Completed ]Where stories live. Discover now