" ရိပေါ်.. နိုးပြီလား သက်သာလား "
အိပ်ပျော်နေရာက နိုးလာတဲ့ ရိပေါ်က ကိုယ်ပေါ်က စောင်ကို အနည်းငယ်ဖယ်ပြီး ထထိုင်ရင်းမှာပဲ ခုတင်ဘေးက ကုလားထိုင်မှာ ရှောင်ကျန့်ရှိနေတာကို တွေ့တယ်။ မထင်ထားတာမို့ ရိပေါ်ရဲ့ မျက်လုံးတွေမှာ အံ့သြရိပ်တချို့သန်းတယ်။
" အင်း...ခင်ဗျားက ဘယ်လိုရောက်နေတာလဲ "
" ရိပေါ်ဆီ လာတာ...မတွေ့တာနဲ့ ဘုရားကျောင်းထဲ ဝင်လာရင်း သင်းအုပ်ဆရာနဲ့ တွေ့လို့ "
" အဲ့ဒီတော့ သင်းအုပ်ဆရာက ပြောပြလိုက်လို့ ကျွန်တော့ဆီ ရောက်လာတယ်ပေါ့ "
" အင်း... "
ရိပေါ် ခုတင်အောက်ဆီ ခြေထောက်တွေချရင်း ရှောင်ကျန့်ရှိနေတဲ့ဘက်ဆီ လှည့်ထိုင်လိုက်တယ်။
ရှောင်ကျန့်ကတော့ အခန်းတဝိုက်ကို ငေးနေဆဲမှာ ခေါင်းလောင်းသံကြောင့် ပျံဝဲသွားတဲ့ ငှက်သံတွေကို ဖွင့်ထားတဲ့ ပြတင်းပေါက်ဆီကနေ ကြားနေရတယ်။" ဒါ..ရိပေါ်ရဲ့ အခန်းလား "
" အင်း "
သူတို့ နှစ်ယောက်အတူရှိနေတဲ့ ဒီအခန်း။တစ်နည်းအားဖြင့် ဒါက ရိပေါ်ရဲ့အခန်း။ ဒီတိုင်းကြည့်ရင်တော့ သာမန်အခန်းဆိုပေမယ့် ဘုရားကျောင်းရဲ့ အဓိကနေရာဖြစ်တဲ့ ဆုတောင်းဝတ်ပြုရာနေရာရဲ့ အနောက်ဘက်က အခန်းတစ်ခု ဖြစ်တယ်။
" ဒါနဲ့ သက်သာသွားတာ သေချာရဲ့လား "
ရှောင်ကျန့်ရဲ့ အကြည့်နဲ့ အသံတွေမှာ စိတ်ပူနေတဲ့ အရိပ်အယောင်တွေပါတယ်။ ရိပေါ်ရဲ့ ဖျားနာရခြင်းက မနေ့က သူ့လည်တိုင်ဆီ ရှိနေခဲ့တဲ့ မာဖလာတစ်ခုကြောင့်လို့ပဲ သူတွေးမိတော့ အားနာပြီးရင်း အားနာမိတာတော့ အမှန်။
သေချာတာကတော့ သူ နောက်နေ့တွေ အိမ်ကထွက်လာတဲ့အခါ မာဖလာတစ်ထည်ကို မမေ့မလျော့ ပတ်လာခဲ့တော့မှာပဲ။
" ကျွန်တော် ဖျားတာ ခင်ဗျားကြောင့်မှ မဟုတ်တာ
ဘာမှ တွေးမနေတော့ရင် ကောင်းမယ် "ငြိမ်သက်ပြီး အတွေးလွန်နေတဲ့ ရှောင်ကျန့်ကို ရိပေါ်က အဲ့ဒီစကားနဲ့ ရပ်တန့်စေလိုက်တယ်။သက်ပြင်းတစ်ချက် ခပ်တိုးတိုး ချပြီး ခပ်ရေးရေးသာ သူ ပြုံးပြမိတယ်။
YOU ARE READING
𝑜𝑛𝑐𝑒 𝑢𝑝𝑜𝑛 𝑖𝑛 𝑐ℎ𝑢𝑟𝑐ℎ [ Completed ]
Fanfiction𝘖𝘯𝘤𝘦 𝘶𝘱𝘰𝘯 𝘪𝘯 𝘤𝘩𝘶𝘳𝘤𝘩,𝘵𝘸𝘰 𝘣𝘰𝘺𝘴 𝘮𝘦𝘵 𝘦𝘢𝘤𝘩 𝘰𝘵𝘩𝘦𝘳.