In ( U )

429 87 1
                                    

လာဗင်ဒါတွေက ပြန်လာခဲ့တဲ့နောက်ပိုင်းကစ ရှောင်ကျန့်က ရိပေါ်နဲ့ ပိုလို့ရင်းနှီးလာတယ်လို့ ခံစားမိတယ်။ လူတွေနဲ့ ဝေးရာမှာ ငြိမ်ငြိမ်သက်သက်လေး
နေတတ်တဲ့ ရိပေါ်က သူနဲ့ဆို မကြာခဏပြုံးတတ်တယ်။ အေးစက်နေတတ်တဲ့ မျက်ဝန်းတွေထဲ ခံစားမိတဲ့ နွေးထွေးခြင်းတွေက သူတစ်ယောက်တည်းနဲ့
သက်ဆိုင်တယ်လို့ ရှောင်ကျန့်က အကြွင်းမဲ့
ယုံကြည်ထားသေးတယ်။

ရမိတဲ့နောင်တတချို့ကတော့ အချိန်နည်းနည်းလောက် စောပြီးမတွေ့ဆုံဖြစ်ခဲ့ကြခြင်းပေါ့။

မနေ့ညက ညဥ်နက်တဲ့အထိ စာရေးနေခဲ့တဲ့ ရှောင်ကျန့်က ရိပေါ်ရဲ့ အခန်းထဲက ခုတင်ဆီမှာ အိပ်ပျော်နေတယ်။ကိုယ်ပေါ်မှာတော့ ရိပေါ် လွှမ်းခြုံပေးထားခဲ့တဲ့ စောင်တစ်ထည် ရှိတယ်။

ရင်းနှီးနေပြီဖြစ်တဲ့ အငွေ့အသက်တွေထဲ ရှောင်ကျန့်ရဲ့ အိပ်မက်က လှလှပပကလေး။

.
.
.
.

'' နည်းနည်းလောက်လေးဖြစ်ဖြစ် ပိုရှင်သန်ပါရစေ''

လက်အုပ်ချီထားတဲ့လက်တွေက တုန်ရင်နေကြတယ်။ဘုရားကျောင်းထဲက ခုံတန်းရှည်တွေမှာ ထိုင်နေသူက ရိပေါ်တစ်ယောက်တည်းရှိတယ်။

ခပ်တိုးတိုးလေး ရေရွတ်နေတဲ့ဆုတောင်းတွေက ဘုရားသခင်နဲ့ သူပဲ ကြားနိုင်မယ်ဆိုတာ သေချာတယ်။

'' အဲ့ဒီလူနဲ့ အချိန်နည်းနည်းလောက်လေးဖြစ်ဖြစ်
အတူ ရှိပါရစေ ''

မှိတ်ချထားတဲ့ မျက်လွှာတွေထဲမှာ လူတစ်ယောကိကို သူအကြိမ်ကြိမ်အခါခါမြင်ယောင်နေမိတယ်။
ဖိကိုက်မိလိုက်တဲ့ နှုတ်ခမ်းတွေက အရောင်ခပ်ဖျော့ဖျော့။

မျက်လွှာတွေ ပြန်အဖွင့်မှာ ပါးပြင်ဆီ စီးကျသွားတဲ့ မျက်ရည်စီးကြောင်းတစ်ခု။ ရိပေါ်ဆိုတဲ့ သူ့အတွက်
အရာရာက နာကျင်စရာတွေချည်း။

ဘယ်အရာဆီ အပြစ်ပုံချရပါမလဲ... ဘုရားသခင်။

မျက်ရည်စတွေကို သုတ်ပြီး ခပ်နှေးနှေးခြေလှမ်းတွေနဲ့ ထထွက်လာမိတာက သူ့ရဲ့အခန်းဆီသာ ဖြစ်တယ်။ ဒီရက်ပိုင်းတွေမှာ သူ့ခန္ဓာကိုယ်က အတော်မှ အားယုတ်လာပုံပဲ။

𝑜𝑛𝑐𝑒 𝑢𝑝𝑜𝑛 𝑖𝑛 𝑐ℎ𝑢𝑟𝑐ℎ [ Completed ]Where stories live. Discover now