ရန်အကြီးအကျယ်ဖြစ်ပြီးတဲ့နောက်ပိုင်း မီအွန်းက အိမ်ကို ပြန်မလာတော့။ ဒါကြောင့် အိမ်မှာ အလုပ်သမားတချို့ရယ် NamJoonနဲ့ SeokJinရယ်သာ ရှိနေတတ်သည်။
မနက်မိုးလင်းရင် NamJoonက အပေါ်ထပ်ကို တကူးတက တက်ကာ SeokJinကို လာနှိုးလေ့ရှိပြီး ညဘက် SeokJin အပြင်သွားရင် တစ်ညလုံးမအိပ်ဘဲ ထိုင်စောင့်လေ့ရှိသည်။
SeokJinဆိုတာလည်း NamJoonကို အရင်လို ရွဲ့တာမျိုးတွေမရှိတော့သလို စကားနားထောင်တတ်လာသည်။ သို့ပေမယ့် သူအလိုမကျရင် ဂျစ်တိုက်ပြီး အရင်လိုသောင်းကျန်းဆဲဖြစ်သည်။ အကျဥ်းချုံးပြောရရင်တော့ သူတို့နှစ်ယောက်ဆက်ဆံရေးက အရင်ကထက် အများကြီး ပိုတိုးတက်လာတာမို့ နှစ်ယောက်လုံးအနေနဲ့ နေရတာပိုအဆင်ပြေလာပြီး အပေးအယူပိုမျှလာသည်။"Daddyရော ထူးထူးဆန်းဆန်းလာမနှိုးပါလား..."
SeokJin ညက Daddyရဲ့ ဆူသံလေးနဲ့ ညနက်တဲ့အထိ စာလုပ်ခဲ့ရတာမို့ မနက် 10နာရီကျော်မှ နိုးသည်။ သို့သော် အရင်လို နဖူးပေါ် လက်နွေးနွေးလေးရောက်မလာသလို "ကလေးလေး ထတော့" ဆိုတဲ့ အသံကိုပါ မကြားရတာမို့ နိုးလာတည်းက ဆူပုပ်ထော်လျက်ရှိသည်။ ရေချိုးပြီးတဲ့အထိ အရိပ်အယောင်၊အသံလေးတောင် ပေါ်မလာတဲ့ Daddyကြောင့် SeokJin ပါးလေးတွေဖောင်းကာ နှုတ်ခမ်းလုံးလေးက စူထွက်လာတော့သည်။
"Daddyက ရုံးသွားပြီလား ငါ့ကိုတောင် မနှုတ်ဆက်ဘဲလေ"
တီရှပ်အဝါလေးကို ကောက်စွပ်ရင်း ပွစိပွစိရေရွတ်နေသော SeokJinဟာ ဒူးအတိ ဘောင်းဘီတိုလေးကို ဆွဲဝတ်နေတဲ့အထိ မျက်နှာလေးက မကြည်လင်။ မျက်ခုံးလေးတွေ တွန့်ချိုးနေကာ ခြေဆောင့်မိသည်။
"အဒေါ်ကြီး အဒေါ်ကြီး Daddy ရုံးသွားပြီလား!!"
မှန်လှေကားကြီးပေါ်ကနေ တကြော်ကြော်အော်ရင်း ပြေးဆင်းလာသော SeokJinဟာ သိုးပေါက်လေးသဖွယ်။ ဖြူဖွေးနုမွတ်သော ခြေသလုံးလေးတွေက ဘောင်းဘီအနက်လေးကြောင့် ပိုမိုထင်းလင်းလျက်။
"သူဌေးက အလုပ်မသွားသေးဘူး သားလေး.."
"ဟင် breakfastရော လာမစားဘူးလား!"
"မနက်ထဲက အခုထိ ထွက်မလာသေးဘူး "
"ဘာ!!"
မထင်မှတ်ထားတဲ့ စကားကြောင့် SeokJinစူပုတ်သွားသလို တစ်ဖက်မှာလည်း စပ်စုချင်စိတ်၊တစ်စုံတစ်ခုကိုသိချင်စိတ်တွေက ပြည့်လျှံလာသည်။
YOU ARE READING
StepFather!!