[Zawgyi]
ကြီးကျယ်ခမ်းနားသောအိမ်ကြီးထဲတွင် အလုပ်သမားတစ်ချို့တစ်လေသာ ဟိုဒီပြေးလွှားနဲ့လှုပ်ရှားနေကြသည်။ထိုအိမ်ကြီးရဲ့အရှင်သခင်ဟုလည်းပြောလို့ရသော ကောင်လေးတစ်ယောက်ဟာ ကျယ်ပြန့်ပြီးတော်ဝင်ဆန်နေသော ရွှေရောင်ဧည့်ခန်းကျယ်ကြီးထဲတွင် ပင်ပေါင်ဘောလုံးဆော့နေလေသည်။
"Nice Shot!!"
အရှိန်ပြင်းပြင်းနဲ့ရိုက်ခတ်သွားသော သားရေပင်ပေါ်ဘောလုံးလေးကို ဆော့ဂျင်ဟာခပ်ပြုံးပြုံးနဲ့ကောက်ယူလိုက်သည်။
ထိုဘောလုံးလေးသွားရောက်မိတ်ဆက်သည်က ကာလတန်ဖိုးသိန်းရာကျော်မည်ဖြစ်သော ပန်းချီကားကြီး၏မှန်ဆီသို့။
"ဟမ်!!ကင်မ်ဆော့ဂျင်!!နင်..နင်ဘယ်လိုလုပ်လိုက်တာလည်းဟမ်!!"
"Why so serious!အဘွားကြီး..ကျုပ်ဘာလုပ်လို့လည်း..!"
"နင်တမင်လုပ်တာမလား..ဟင်!ဒီပန်းချီကားဘယ်လောက်တန်လည်းနင်သိလား..!!"
အိပ်ခန်းထဲကနေပြေးထွက်လာကာ သူ့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးပြောနေတဲ့ သူမကိုကြည့်ကာ ဆော့ဂျင်ခပ်ဟဟရယ်လိုက်သည်။
ပြီးမှဘောလုံးလေးကို လက်ထဲမှာမြှောက်လိုက်ဖမ်းလိုက်လုပ်ကာ လေချွန်နေလိုက်တော့ ဖြူဝင်းနေတဲ့သူမမျက်နှာကရဲတက်လာသည်။"မသိဘဲနေပါ့မလားအဘွားကြီးရဲ့!!ဘာဖြစ်လည်းလုပ်တော့!ကျုပ်ပိုက်ဆံနဲ့ဝယ်ထားတာမို့ကျုပ်ခွဲတာဘယ်သူ့ကိုသောက်ဂရုစိုက်နေရမှာလည်း!"
"နင်မမိုက်ရိုင်းနဲ့ဆော့ဂျင်!ဒီပန်းချီကားက ငါမနည်းလေလံဆွဲထားရတာဟဲ့!"
"ဘယ်သူ့ပိုက်ဆံနဲ့လည်း!ပြောပါဦးသူဌေးကတော်ကြီးရဲ့!ကျုပ်အဖေကကျုပ်နာမည်နဲ့ထားခဲ့တဲ့ငွေတွေကိုခိုးထုတ်ပြီး ၀ယ်ထားတာမဟုတ်ဘူးလား..!"
ဘောလုံးလေးကိုဆိုဖာအထူကြီးပေါ်ပစ်တင်လိုက်ကာ ခေါက်တင်ထားတဲ့အနွေးထည်လက်လေးကို စိတ်ရှည်လက်ရှည်ဖြေချနေတဲ့ ဆော့ဂျင်ကိုကြည့်ပြီး မီအွန်းဒေါသတွေအလိပ်လိုက်တက်လာသလို။
ထိုအရိုင်းအစိုင်းလေးကဖြင့် လေတချွန်ချွန်နဲ့အင်္ကျီလက်နှစ်ဖက်ကို သေချာဖြေချနေသေးသည်။
YOU ARE READING
StepFather!!