StepFather!!

998 132 11
                                    

" Jeon Jungkook ဆိုတာ မင်းမဟုတ်လား.. ချောသားပဲ "

"အပိုစကားတွေပြောမနေဘဲ လိုရင်းကိုပဲပြော!!"

"ဖြေးဖြေးပေါ့ ကလေးရယ်.. မင်းကလည်း သိပ်လောတာပဲ "

သူ့ရှေ့မှာ ထိုင်နေသော ထိုအမျိုးသမီးဟာ ချောမောနုဖတ်တဲ့ရုပ်ရည်၊ ဆင်ယင်ထားတဲ့ အထက်တန်းစားအဆောင်အယောင်တွေနဲ့ဆန့်ကျင်စွာ အောက်တန်းကျသော အသွင်ကိုဆောင်သည်။ Jungkook စိတ်ရှုပ်စွာနဲ့ ခြေထောက်ကိုချိတ်ထိုင်လိုက်ပြီး မေးဆတ်ပြလိုက်တော့ နာမီအွန်းက လက်ထဲက ဝိုင်ခွက်ကို ချကာ သူ့ကို ပြုံးပြသည်။ ဒီမိန်းမဟာ Jungkook နဲ့မည်သို့မျှ မသက်ဆိုင်သော်လည်း Jungkook အမုန်းရဆုံးလူသား။

သူ့အချစ်ရဆုံးလူကို အနာကျင်ရဆုံးဒဏ်ရာတွေပေးခဲ့တဲ့ ဒီမိန်းမကိုမှ သူမမုန်းရင် ဘယ်သူ့ကိုပြေးမုန်းရပါ့မလည်း ။ SeokJin အတွက်သာမဟုတ်ရင် ဒီမိန်းမကို မျက်နှာချင်းဆိုင်ဖို့မဆိုထားနှင့်၊ တစ်လေတည်းတောင် ရှူချင်စိတ်မရှိပါပေ ။ သို့သော် သူ့ကို တကူးတကခေါ်တွေ့တယ် ဆိုတည်းက တစ်ခုခုအကြောင်းရှိမယ်ဆိုတာကို သိလို့ Jungkook မတွေ့ချင်ဘဲ လာတွေ့ရတာပင်။

"SeokJin ကို မင်းလက်ထပ်မလား "

"ဘာ!!"

"မညာပါနဲ့ SeokJin ကို ငယ်ငယ်လေးတည်းက မင်းသဘောကျနေတာ တို့သိတယ်! တို့လည်း ငယ်ရာက ကြီးလာတာပဲ SeokJin အပေါ် မင်း ဘယ်လိုစိတ်ရှိတယ်ဆိုတာကို တို့သိပါတယ်...SeokJin ကို မင်း လက်ထပ်လိုက်မယ်ဆိုရင် မင်းတို့အတွက် US မှာ အိမ်တစ်လုံးလက်ဖွဲ့မယ်.. မင်းလည်း အခြေအနေမဲ့တဲ့အသိုင်းအဝိုင်းထဲကမှမဟုတ်ဘဲ SeokJin ပျော်လောက်မှာပါ "

"ခင်ဗျားရဲ့အကြံက ဒါအကုန်ပဲလား!! SeokJin က သတ်မှတ်ထားတဲ့ အသက်မပြည့်သေးဘဲ လက်ထပ်လိုက်ရင် အမွေတွေပိုင်ဆိုင်ခွင့်မရတော့အောင်လို့လေ..?? ဒါပေမယ့် ဘယ်လိုလုပ်မလည်း နာမီအွန်းရှီ! ကျုပ်က ခင်ဗျားပြောသလိုပဲ SeokJin ကို ရူးလောက်အောင်ချစ်တဲ့ကောင်မို့လို့ SeokJin ဘက်ကပဲ ရပ်တည်သွားမှာ စိတ်တော့မရှိနဲ့ ခင်ဗျားလာတွေ့တဲ့လူ မှားနေပြီ!!"

Jungkook ခပ်ရွဲ့ရွဲ့ပြုံးကာ စိုက်ကြည့်ပေးလိုက်တော့ နာမီအွန်းဟာ ဟန်မဆောင်နိုင်လောက်အောင်ကို မျက်နှာပျက်သွားရသည်။

StepFather!!Where stories live. Discover now