Zawgyi:
Unicode:
"ကိုယ့်ကိုနာကျင်စေတဲ့ ဘယ်အရာမဆို
ကိုယ်ဘယ်လောက်ပဲသဘောကျနေပါစေ
လွတ်ချသင့်ရင် လွတ်ချရမယ်"တဲ့တစ်ခါတစ်ခါ ကျနော်တို့လူတွေက ကိုယ်ဘယ်လောက်ပဲနာကျင်နေရပါစေ
ကိုယ်ဘယ်လောက်ပဲ ငိုကြွေးနေရပါစေ၊ ပင်ပန်းနေပါစေ
မရရအောင်ဆုပ်ကိုင်ထားတတ်ကြတယ်
သွေးတွေ တစိမ့်စိမ့်ယိုကျနေပါစေ
ကိုယ်လွတ်ချလိုက်တဲ့အခါ ဘယ်တော့မှပြန်ဆက်လို့မရနိုင်တဲ့ဆက်ဆံရေးတစ်ခုဖြစ်သွားနိုင်တာမို့လို့
ရူးမိုက်မိုက်နဲ့ ဆက်လက်ဖက်တွယ်ထားတတ်တယ် သင်လဲဒီလိုပဲ ကျနော်လဲဒီလိုပဲ
လူတွေဟာ "လွမ်းစရာရှိရင် နာစရာနဲ့ဖြေ"လို့ ပြောတတ်ကြပေမဲ့ တကယ်တမ်း နာစရာတွေရှိရင်တောင် အမှတ်တရတွေနဲ့ မျက်ကွယ်ပြုထားတတ်ကြတာပဲလေ
ဘာပဲဖြစ်ဖြစ် နောက်ဆုံးဆုပ်ကိုင်ထားနိုင်တဲ့အချိန်ထိ ဆုပ်ကိုင်ထားကြဦးမှာပဲ
ဒါပဲ ချစ်ခြင်းတရား တစ်နည်းအားဖြင့် ရူးသွပ်ခြင်းပဲပေါ့
YOU ARE READING
ဝေးလွင့်သွားသောတိမ်တိုက်ငယ်များနဲ့ မျှော်ကြည့်နေရသောကြယ်စင်များ
Randomကိုယ့္ရဲ႕အေတြးမ်ားရွင္သန္ရာ(စာစုမ်ား) ကိုယ့်ရဲ့အတွေးများရှင်သန်ရာ(စာစုများ)