21

3 3 0
                                    













Uni

မေတ္တာတရားတို့ဟာ တန်ပြန်သက်ရောက်နိုင်တယ်

သို့ပေမဲ့ လိုချင်တဲ့အတိုင်းအတာဟာ ကွာဝေးနေဆဲပဲ

ငေးမောကြည့်ရင်းနဲ့ တောင့်တမိတဲ့အကြင်နာတစ်စုံဟာ

သူပြန်ပေးလာတဲ့နူးညံ့မှုတွေနဲ့ ကွဲပြားနေဆဲပဲ

ရင်ထဲတင်းကြပ်နေကာ ဖွင့်ဟချင်မိတဲ့စကားလုံးတွေဟာ

သက်ရောက်မှုမရှိနိုင်တဲ့ လုပ်ရပ်တွေကြောင့် လွင့်ပျယ်ရစမြဲပဲ

ဒူးထောက်မတတ်မျှော်လင့်မိတဲ့နွေးထွေးမှုတွေဟာ

သူ့အတွက်တော့ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေအလား

မျက်ရည်သွင်သွင်ကျနေပေမဲ့ နှုတ်ခမ်းတို့ကပြုံးမိနေဆဲ

မပစ်နိုင်တော့လည်း ဆက်လို့ချစ်ရင်း

နာကျင်မှုအား ရင်ဝယ်ပိုက်လိုက်မိတယ်

အသင်သူသည် ကျွန်ပ်အား နားမလည်ခဲ့ပေ

ဝေးလွင့်သွားသောတိမ်တိုက်ငယ်များနဲ့ မျှော်ကြည့်နေရသောကြယ်စင်များWhere stories live. Discover now