သတ်သေချင်နေတဲ့ချစ်သူလေးကိုk
မှာချင်တာက
Pic_crd
Unicode:သိပ်ချစ်ခဲ့ကြတယ် သိပ်ကြင်နာခဲ့တယ် သိပ်လွမ်းခဲ့ကြတယ်
နားလည်မှုလွဲ ညှိနှိုင်းမရတဲ့အခြေအနေရောက်တော့
မင်းနဲ့ကိုယ်နဲ့ လမ်းခွဲခဲ့တယ်
မချစ်လို့တော့မဟုတ်ဘူး မလွမ်းလို့တော့မဟုတ်ဘူး
နာကျင်မှုနဲ့ ရှေ့ဆက်မဲ့အစား
ပျော်စရာဇာတ်သိမ်းလေးနဲ့ အဆုံးသတ်ချင်မိလို့
တစ်ခုခုဆို စိတ်ဓာတ်ကျလွယ်တဲ့ချစ်သူလေး
သတ်သေချင်နေတဲ့ချစ်သူလေးကို
မှာချင်တာက
ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်ဖို့ပဲ
တစ်နေ့ဆုံတွေ့တဲ့အခါ ပြုံးပြနှုတ်ဆက်ပြီး
မင်း ကောင်းမွန်စွာ ရှင်သန်နေကြောင်း
ကိုယ် သတိပြုမိချင်တယ် အချစ်ရေ
Pic_crd
YOU ARE READING
ဝေးလွင့်သွားသောတိမ်တိုက်ငယ်များနဲ့ မျှော်ကြည့်နေရသောကြယ်စင်များ
Randomကိုယ့္ရဲ႕အေတြးမ်ားရွင္သန္ရာ(စာစုမ်ား) ကိုယ့်ရဲ့အတွေးများရှင်သန်ရာ(စာစုများ)