28

10 2 0
                                    

မြင်ကွင်း‌ရှေ့က အဆုံးအစမရှိတဲ့ပင်လယ်ကြီးက ဘယ်တော့မှလွတ်လမ်းမမြင်နိုင်အောင် ဝါးမြိုတော့မလိုမျိုး...

ကြောက်လန့်တုန်လှုပ်စွာ အနောက်ကိုတိုးဆုတ်ရင်း ရုတ်တရက် အနောက်မှာစောင့်ကြိုနေတဲ့အရာကို သတိရကာ လှည့်ကြည့်လိုက်မိသည်!

မှောင်မည်းထူပိန်းနေပြီး ဝိညာဥ်ကိုပါဝါးမြိုကာ ပိတ်လှောင်ထားမဲ့ထောင်ချောက်ကြီး!

မဖြစ်ဘူး! သူ ဘယ်လောက်ထိ ပင်ပန်းဆင်းရဲခံကာ ထွက်ပြေးလာခဲ့ရတဲ့နေရာကြီးလဲ!

ဒီတစ်ခေါက် သူ အဲ့ထောင်ခြောက်ထဲထပ်ကျသွားခဲ့ရင် ဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူး!

ပင်လယ်လား! တောနက်လား!

မှုန်ဝါးလာတဲ့မျက်ဝန်းတွေထဲက မျက်ရည်တွေဟာ တာကျိုးကျလာခဲ့သည်။ ဘယ်သူကယ်မှာလဲ! ဘယ်သူရှိလဲ! ကျနော့်ကို ကူညီကြပါဦး!

ပတ်ပတ်လည် ဝေ့ကြည့်ပေမဲ့ ကမ်းမမြင်တဲ့ပင်လယ်သာ စောင့်ကြိုနေတယ်။

အသံ! သူ့အားပိတ်လှောင်ထားမဲ့အသံနက်ကြီး တောနက်ထဲကထွက်ပေါ်လာချိိန်မှာတော့ တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ မျက်စံတွေဟာ အပြင်းအထန်လှုပ်ရှားနေရင်း အသက်ကယ်ကြိုးတစ်ချောင်း အပြင်းအထန်ရှာဖွေမိသည်။

အသံဟာ ပိုမိုနီးကပ်လာခဲ့ပြီး သူ့အား တစ်စစီဆုတ်ဖြဲချင်နေသလို!

မဟုတ်ဘူး! မဖြစ်ဘူး!

သေရင်တောင် အဲ့ကိုပြန်မသွားချင်ဘူး!

ဗွမ်း! ဆိိုတဲ့အသံကိုကြားလိုက်ရပြီး နှာခေါင်းထဲကို ရေတွေအဆက်မပြတ်ဝင်လာခဲ့သည်။

ကျနော် အသက်ရှင်ချင်သေးတယ်!

လှုပ်ရှားနေတဲ့လက်တွေမှာ အခုချိန် အကူအညီမရခဲ့! ဘယ်လိုလုပ်ရမလဲ! အသက်ရှုမဝတော့ဘူး!

ကျနော်! ကျနော့်ကို! ကူကြပါ!

အသိစိတ်တွေဝင်လာချိိန်မှာ သူဟာ တောနက်ထဲပြန်ရောက်နေချေပြီ။

သူမသေသေးဘူးလား! သေသွားတာတောင် မလွတ်မြောက်နိုင်ခဲ့တာလား!

ဝေးလွင့်သွားသောတိမ်တိုက်ငယ်များနဲ့ မျှော်ကြည့်နေရသောကြယ်စင်များWhere stories live. Discover now