4

31 4 0
                                    

Zawgyi:

ေႏြမိုးေဆာင္း

ကြၽန္ေတာ္ ေႏြရာသီကို မႀကိဳက္ဘူး
ပူအိုက္ၿပီး ေခြၽးထြက္တတ္တာမို႔ အျပင္ထြက္ရတဲ့အခါအဆင္မေျပဘူး
ေန႔လည္ဘက္နားတဲ့အခါ ေသခ်ာအိပ္မေပ်ာ္တတ္လို႔ ေႏြရာသီကို မႀကိဳက္ဘူး

ကြၽန္ေတာ္ မိုးရာသီကို သေဘာက်တယ္
မိုးေအးေအးနဲ႔ အိပ္ရာထဲေကြးၿပီး အိပ္ရတာကို သေဘာက်တယ္
သီခ်င္းအသံအား မိုင္ကုန္ဖြင့္ၿပီး မိုးစက္ေတြၾကည့္ကာ ဘယ္သူ႔ကိုလြမ္းလို႔လြမ္းမွန္းမသိ ျဖစ္ရတာကို သေဘာက်တယ္

ကြၽန္ေတာ္ ေဆာင္းရာသီကို မႀကိဳက္ဘူး
ေက်ာင္းတက္ခ်ိန္ဆို မနက္ခင္းခင္းေစာေစာေအးစက္စက္နဲ႔သြားတာကို မႀကိဳက္ဘူး
ေန႔လည္ဘက္က် အေႏြးထည္ကို ဘယ္မွာထည့္ရမွန္းမသိ လက္မွာကိုင္ရတာကို မႀကိဳက္ဘူး

ကြၽန္ေတာ္ ေႏြရာသီကို ႀကိဳက္တယ္
သူ႔လက္ေလးတြဲၿပီး ေနရာစံုသြားႏိုင္လို႔ ေပ်ာ္ရၿပီး ေအးေအးေဆးေဆးေတြ႔ႏိုင္တဲ့အတြက္ သေဘာက်မိတယ္

ကြၽန္ေတာ္ မိုးရာသီကို မႀကိဳက္ဘူး
မိုးခ်ိန္းတာ၊ လွ်ပ္စီးလက္တာကို ေၾကာက္တတ္တဲ့သူ႔ေၾကာင့္ စိတ္ပူရတဲ့အတြက္ မႀကိဳက္ဘူး
ထီးအၿမဲေမ့တတ္တဲ့သူ မိုးရြာႀကီးထဲ အိမ္ကိုတစ္ေယာက္တည္းျပန္ရတဲ့အတြက္ မႀကိဳက္ဘူး

ကြၽန္ေတာ္ေဆာင္းရာသီကို ႀကိဳက္တယ္
ေအးစိမ့္စိမ့္မနက္ခင္းေလးမွာ သူ႔ရင္ခြင္ထဲတိုးဝင္ႏိုင္ၿပီး
ကိုယ္ဟာ သူ႔အတြက္ ေႏြးေထြးတဲ့ေဆာင္းမီးဖိုေလးျဖစ္ေပးႏိုင္တယ္

ဒီလိုပါပဲ လူေတြဟာ ခ်စ္ျခင္းတရားနဲ႔ေတြ႔ဆံုလာခ်ိန္မွာေတာ့.....

__________

U

nicode:

နွေမိုးဆောင်း

ကျွန်တော် နွေရာသီကို မကြိုက်ဘူး
ပူအိုက်ပြီး ချွေးထွက်တတ်တာမို့ အပြင်ထွက်ရတဲ့အခါအဆင်မပြေဘူး
နေ့လည်ဘက်နားတဲ့အခါ သေချာအိပ်မပျော်တတ်လို့ နွေရာသီကို မကြိုက်ဘူး

ကျွန်တော် မိုးရာသီကို သဘောကျတယ်
မိုးအေးအေးနဲ့ အိပ်ရာထဲကွေးပြီး အိပ်ရတာကို သဘောကျတယ်
သီချင်းအသံအား မိုင်ကုန်ဖွင့်ပြီး မိုးစက်တွေကြည့်ကာ ဘယ်သူ့ကိုလွမ်းလို့လွမ်းမှန်းမသိ ဖြစ်ရတာကို သဘောကျတယ်

ကျွန်တော် ဆောင်းရာသီကို မကြိုက်ဘူး
ကျောင်းတက်ချိန်ဆို မနက်ခင်းခင်းစောစောအေးစက်စက်နဲ့သွားတာကို မကြိုက်ဘူး
နေ့လည်ဘက်ကျ အနွေးထည်ကို ဘယ်မှာထည့်ရမှန်းမသိ လက်မှာကိုင်ရတာကို မကြိုက်ဘူး

ကျွန်တော် နွေရာသီကို ကြိုက်တယ်
သူ့လက်လေးတွဲပြီး နေရာစုံသွားနိုင်လို့ ပျော်ရပြီး အေးအေးဆေးဆေးတွေ့နိုင်တဲ့အတွက် သဘောကျမိတယ်

ကျွန်တော် မိုးရာသီကို မကြိုက်ဘူး
မိုးချိန်းတာ၊ လျှပ်စီးလက်တာကို ကြောက်တတ်တဲ့သူ့ကြောင့် စိတ်ပူရတဲ့အတွက် မကြိုက်ဘူး
ထီးအမြဲမေ့တတ်တဲ့သူ မိုးရွာကြီးထဲ အိမ်ကိုတစ်ယောက်တည်းပြန်ရတဲ့အတွက် မကြိုက်ဘူး

ကျွန်တော်ဆောင်းရာသီကို ကြိုက်တယ်
အေးစိမ့်စိမ့်မနက်ခင်းလေးမှာ သူ့ရင်ခွင်ထဲတိုးဝင်နိုင်ပြီး
ကိုယ်ဟာ သူ့အတွက် နွေးထွေးတဲ့ဆောင်းမီးဖိုလေးဖြစ်ပေးနိုင်တယ်

ဒီလိုပါပဲ လူတွေဟာ ချစ်ခြင်းတရားနဲ့တွေ့ဆုံလာချိန်မှာတော့.....

ဝေးလွင့်သွားသောတိမ်တိုက်ငယ်များနဲ့ မျှော်ကြည့်နေရသောကြယ်စင်များWhere stories live. Discover now