18

11 3 0
                                    





ပျံသန်းခဲ့ပေမဲ့

လှောင်ရယ်နေရော့တယ်


Unicode:

အလွမ်းဆိပ်တွေက တရိပ်ရိပ်၊ ဒဏ်ရာတွေက တမြေ့မြေ့နဲ့
လောင်ကျွမ်းပြာကျနေတဲ့အမှတ်တရတွေဆီ

ခြေဦးတည့်ရာလျှောက်လှမ်းပေမဲ့
ဘယ်တော့မှမရောက်နိုင်တော့မဲ့ ချစ်ခြင်းမေတ္တာတွေဆီ

ငေးမောကြည့်ရင်း ကျနော်ဟာ လမ်းပျောက်နေလေရဲ့

ဖမ်းဆုပ်ဖို့မတတ်နိုင်ခဲ့တဲ့ ပုံရိပ်တွေဟာ ကျနော့်နှလုံးသားကို
ကလူကြည်စယ်ရင်းနဲ့ ဒဏ်ရာတွေ ထပ်လို့ပေးရင်း

ကျနော်ဟာ လေလွင့်နေတဲ့ငှက်ပမာ တိမ်တိုက်ရှိရာ
ပျံသန်းခဲ့ပေမဲ့

ဘယ်တော့မှမရောက်နိုင်မဲ့ ကောင်းကင်ယံက ကျနော့်အား
လှောင်ရယ်နေရော့တယ်


   

ဝေးလွင့်သွားသောတိမ်တိုက်ငယ်များနဲ့ မျှော်ကြည့်နေရသောကြယ်စင်များWhere stories live. Discover now