Unicode;
"ယနေ့မှစ Jeon Jungkook အား အလောင်းကစားဥပဒေ ပုဒ်မ ၉ အရ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပြီ"
"ဒုန်း ဒုန်း ဒုန်း"
တရားသူကြီးရဲ့ ကြေငြာသံ အပြီး Jungkook စိတ်ထဲ အသံတိတ် ကြိမ်ဆဲနေမိသည်။ ဒါ ဟိုသောက်ကျိုးနဲ အကောင်ကြောင့်..။ သူဖဲရှုံးတာနဲ့ ငါ့ကို တိုင်စရာလား.. အလကားကောင် စွကြောက်..။
ရဲနှစ်ဦးရဲ့ ခေါ်ဆောင်ရာနောက်ကို Jungkook အသံတိတ် လိုက်လာခဲ့သည်။ တရားရုံးက အထွက် အဖေဖြစ်သူက လှည့်ပင်မကြည့် အမေကတော့ ဘာမဟုတ်တဲ့ ကိစ္စကို မျက်ရည်လွယ်သူ ထုံးစံ အတိုင်း မျက်ရည် တစမ်းစမ်းဖြင့်..။
"သားလေး ကျန်းမာအောင်နော် လိုအပ်တာမှန်သမျှ မာမီ အကုန်လာပို့ပေးမယ်"
"ဘာမှပို့ပေးစရာမလိုဘူး ရှက်စရာကောင်းလိုက်တဲ့ကောင် မိဘမျက်နှာ အိုးမဲသုတ်တဲ့ကောင် သူ့အပြစ်နဲ့သူ ခံပါစေ"အဖေက ဒေါကြီး မောကြီးနဲ့ ရောက်လာကာ ဆူလိုက်သည်မို့ Jungkook လည်း အမေဖြစ်သူကိုပါ ဘာမှ ပြန်မပြောပဲ နှုတ်ဆိတ်နေလိုက်တော့သည်။ တရားရုံးမှ ထွက်ခွါလာပြီး အချုပ်ကားပေါ်မှာ ငြိမ်သက်စွာ လိုက်လာမိသည်။ နွေရာသီမို့ မိုးတို့က တဖွဲဖွဲကျလာသည်ကို တမေ့တမော ငေးမောနေမိသည်။ အပြင်လောကနဲ့ တစ်နှစ်လောက် အဆက်အသွယ် ပြတ်မယ်တဲ့.. ဒါလည်း ကောင်းပါတယ် ဘာမှမမြင် ဘာမှ မကြားရတော့တာပေါ့..။ ပြန်ထွက်လာတဲ့နေ့မှ တိုင်တဲ့ သောက်ကျိုးနဲကောင် အိမ်မှာ တဝိုင်းထောင်ပြီး ထပ် အနိုင်ယူပြဦးမယ်..။
ကြည့်ရတာ အမေရဲ့ လာဘ်ထိုးထားတယ် ထင်ပါရဲ့ ကိုယ်က သာမန် သံတိုင်တွေကြားမဟုတ်ပဲ အပေါ်ထပ်ကို တပ်လာခဲ့ရသည်။ သံတိုင်တွေရဲ့ နောက်မှာ တိုက်ခန်းကျဉ်းလေးလို ကြမ်းခင်းပြင်နဲ့ ဆိုဖာ အပါးလေး ခင်းထားသည့် သပ်သပ်ရပ်ရပ် အခန်းငယ်လေးများရှိရာ အလွှာ တစ်ခုကို ရောက်နေလေသည်။ တချို့ဆို ဖုန်းတောင် သုံးနေသတဲ့.. အော် ငွေက အချုပ်ခန်းထဲတောင် အရာရာ ဖန်တီးနိုင်လေရဲ့...။ ထို အခန်းငယ်လေးပေါင်း များစွာကို ကျော်ဖြတ်ပြီး နောက်မှာတော့ အခန်းတစ်ခုရှေ့မှာ ပါလာသည့် ရဲအရာရှိ တစ်ဦးက သံတိုင်တံခါးရဲ့ သော့ကို ဖွင့်ရင်း
YOU ARE READING
Love Never Gets Old
Fanfiction(Unicode + Zawgyi) Unicode; စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်တော့မှ အိုဟောင်း ရိုးအီမသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။ Zawgyi; စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်တော့မှ အိုဟောင်း ရိုးအီမသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။ Kookmin Myanmar Fic