Unicode;
သည်းထန်စွာရွာနေတဲ့ မိုးရေကြား Jungkook ပြေးလွှားနေမိသည်။ ခက်လိုက်တာ... ဘယ်လောက်ထိချစ်လဲဆိုတာ သိရဲ့သားနဲ့တောင် ဘာလို့ ပြန်မချစ်တာလဲ။ ဘာလို့ ကျွန်တော့် တစ်ယောက်တည်းကို စဉ်းစားပေးမယ် လို့တောင် မဟရတာလဲ...။ ဝိုးတဝါး မြင်လိုက်ရတဲ့ ကျောပြင် သေးသေးလေးနောက်ကို ဆောက်တည်ရာမဲ့ ပြေးလိုက်နေမိသည်။
မထားခဲ့ပါနဲ့.. ပြန်ချစ်ပေးပါ.. အရူးတစ်ယောက်လို ငိုနေမိပေမယ့် အော်ဟစ်ဖို့ လည်ချောင်းက အသံထွက်မလာ။ Hyung..~~။ ဆို့နင့်နေတဲ့ ခံစားချက်ကြောင့် ထွက်မလာတဲ့ အသံကို သူကလည်း မကြားဘူး ထင်ပါရဲ့..။ ရှိသမျှအားအင် အကုန်ထုတ်ကာ ကျောပြင်ငယ်လေး လှည့်ကြည့်အောင် အော်လိုက်မိသည်။
"Hyung~~"
ဒီတစ်ခါတော့ အသံထွက်သွားခဲ့ပြီ။ ကျောပြင်ငယ်လေးရဲ့ ပိုင်ရှင်ဟာ ဖြေးဖြေးချင်းလှည့်လာပြီး ပြုံးပြလေသည်။ အရမ်းလွမ်းနေခဲ့ရတဲ့ အပြုံးတွေမို့ Jungkook မျက်ရည်တို့ စီးကျလာသည်။
"Hyung~~"
တီးတိုး ရေရွတ်ရင်း Jimin ရှိရာကို လျှောက်လှမ်းနေမိသည်။ လျှောက်လှမ်းလေလေ ပိုပိုဝေးဝေးသွားလေလေမို့ Jungkook နားမလည်နိုင်။ ခြေကုန်လက်ပန်းကျကာ ရပ်လိုက်မိတော့ ထိုကောင်လေးကပဲ Jungkook ထံ တစ်လှမ်းချင်းလျှောက်လာလေသည်။ ဒီလိုကျတော့လည်း ခုနက Jungkook လှမ်းမမှီခဲ့တဲ့ အကွာအဝေးက သိပ်မဝေးခဲ့သလို။ ပါးပြင်းပေါ် လက်ဖောင်းဖောင်း တုတ်တုတ်လေးက ပြေးလွှားကစားရင်း နှုတ်ခမ်းပါးပေါ် နူးနူးညံ့ညံ့ အထိအတွေ့ တစ်ခုက ကျူးကျော်လာသည်။ Hyung က လူဆိုးလေးပဲ... ပြန်မချစ်နိုင်ပဲ ကျွန်တော့်ကို ကစားနေတာ..။ အတွေးတို့ ရှုပ်ထွေးနေပေမယ့် အနမ်းတို့ကို မဖယ်ရှားမိ။ ရူးရူးမိုက်မိုက် အနမ်းတို့ကို ခံယူရင်း မျက်ရည်က ပါးပြင်ထက် စီးကျလာသည်။ ဟိုးအစကတည်းက ကျွန်တော်ဆိုတာလေ ဒီ Hyung နဲ့ ပတ်သက်လာရင် ရူးနေခဲ့တာပါ..။ .........။
"မနက်စာတန်းစီလို့ ရပြီ"
ထောင်မှူးရဲ့ ခပ်ကျယ်ကျယ် အော်သံအား ကြားလိုက်မှ Jungkook နိူးထလာခဲ့သည်။ အိမ်မက်ပေမယ့် အပြင်မှာ တကယ် ထိလိုက်ရသလို ခံစားချက်ကြောင့် အခန်းကျဉ်းလေးထဲ Jimin ကိုပတ်ရှာလိုက်တော့ မျက်နှာ သစ်ပြီးလို့ ထင်ပါရဲ့.. မျက်နှာသုတ် ပုဝါဖြင့် မျက်နှာပေါ် ဟိုနားဒီနား ထိတို့နေလေသည်။ မဟုတ်လောက်ပါဘူး.. ငါ စိတ်ထင်လို့ နေမှာပါ..။ ကိုယ့်အတွေးနဲ့ကိုယ် စောင်လေးအား ဆွဲခြုံရင်း Jimin ရှိရာ ကျောပေးကာ ပြန် အိပ်ဖို့ ကြိုးစားလိုက်သည်။
YOU ARE READING
Love Never Gets Old
Fanfiction(Unicode + Zawgyi) Unicode; စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်တော့မှ အိုဟောင်း ရိုးအီမသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။ Zawgyi; စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်တော့မှ အိုဟောင်း ရိုးအီမသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။ Kookmin Myanmar Fic