Unicode;
"မင်း ရူးနေပြီပဲ.. မင်း အရူးထောင်နဲ့ ရိုးရိုးထောင် မှားရောက်နေတာလား"
Hoseok စကားကြောင့် Jungkook မျက်မှောင်ကြုံလိုက်မိသည်။
"ကျွန်တော်က ဘာလို့လဲ"
"မင်း အခုထိ နားမလည်သေးဘူးလား ဒီထောင်ခန်းမှာ 1108 နဲ့ 1230 က အာဏာ အရှိဆုံးကွ.. ဘာလို့ ပြသနာသွားသွား ရှာနေတာလဲ"Jungkook နှုတ်ဆိတ်သွားမိသည်။ တကယ်တော့ Jungkook အနေနဲ့ ပြသနာရှာတယ်ဆိုတာထက် Park Jimin ကို အဲ့လိုလူတွေ အနား မထားနိုင်တာ..။ ကိုယ်တိုင်တောင် မြတ်နိူးလွန်းလို့ လွှတ်လပ်ခွင့်ပေးထားခဲ့တဲ့ Nightingale လေး ဆူးတောထဲရောက်နေတာကို လစ်လျူမရူနိုင်ခဲ့တာ..။ ဒါဟာ Park Jimin အတွက် ပြသနာရှာသလို ဖြစ်နေမလား ကျွန်တော် မသိဘူး.. လျစ်လျူရူဖို့ပဲ ကြိုးစားလိုက်ပါတော့မယ်.. ကျွန်တော် အရင်က လုပ်ခဲ့သလိုပေါ့...။
"ခုနာ 1230 ရဲ့ အကြည့်တွေ မြင်လိုက်လား.. အခုပဲ ငါ့ကို သတ်တော့မလိုပဲ ငါ ကြက်သီးတောင်ထတယ် ငါကလည်း ဘာလို့ အဲ့လောက် တလွဲတွေ လုပ်နေလဲ မသိတော့ဘူး.. ငါ အသက်ရှင်လျက် ထောင်ထဲက ပြန်ထွက်ချင်တယ် အဟင့်"
နှာတရှုံ့ရှုံ့နဲ့ ငိုမဲ့မဲ့ဟန် ပြောနေသည့် Hoseok ကျောပြင်အား အားပေးသလို သာသာလေး ပုတ်ပေးလိုက်သည်။နေ့လည် ထမင်းစားချိန်ဟာ ထိုသို့ အချိန်ကုန်သွားလေသည်။ ထောင်ခန်းလေးထဲ ပြန်ရောက်ချိန်မှာ Jungkook ရော Jimin ရော တစ်ယောက်ကို တစ်ယောက် စကား မပြောဖြစ်ကြတော့..။ ညနေခင်းချိန် ခဏ ထောင်ဝန်းထဲ ထွက်ခိုင်းကာ ကိုယ်လက်လှုပ်ရှားချိန် ပေးလေသည်။ Yoga လေ့ကျင့်သူများက လေ့ကျင့် ဘောလုံးကန်သူက ကန် ချက်ထိုးသူက ထိုး..။ တောင်ကိုရီးယား နိုင်ငံရဲ့ ထောင်က အရမ်းဆိုးဝါးတဲ့ အထဲတော့ မပါခဲ့ပေ။ Jungkook နဲ့ Hoseok ကတော့ တိမ်တောက်နေသည့် ညနေခင်းအလှအား ခံစားနေလေသည်။
"ဒီ နံရံတွေကို ကျော်သွားရင် ငါ ဘာအလုပ် လုပ်ရမလဲ ဆိုတာ တွေးလိုက်တိုင်း ခေါင်းခြောက်လို့ ထောင်ထဲကတောင် မထွက်ချင်ဘူး"
ခပ်လှမ်းလှမ်းက နံရံ အမြင့်ကြီးတွေကို လက်ညှိုးထိုးရင် ပြောလိုက်တဲ့ Hoseok စကားကြောင့် Jungkook ပြုံးပြလိုက်ရင်း
ESTÁS LEYENDO
Love Never Gets Old
Fanfic(Unicode + Zawgyi) Unicode; စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်တော့မှ အိုဟောင်း ရိုးအီမသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။ Zawgyi; စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်တော့မှ အိုဟောင်း ရိုးအီမသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။ Kookmin Myanmar Fic