Unicode;
"ဒီမှာ ထိုင်မယ်နော်"
အသံလာရာကို Jungkook မော့ မကြည့်ပဲ ခပ်လှမ်းလှမ်း စားပွဲမှာ သူစိမ်းယောက်ျားတွေနဲ့ ရယ်မော စကားတွေ ပြောနေတဲ့ ရည်းစားဟောင်းကြီးအား ငေးရင်းသာ ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းက အသစ်လား"
ထောင်ထဲ လူအများရှိတာတောင် အသစ်မှန်း တန်းသိနေတာမို့ Jungkook အသံလာရာကို ကြည့်လိုက်သည်။ ထိုအမျိုးသားက ပြုံးပြ၍
"သိသာလွန်းတယ်မလား.. နံပါတ်တစ် ဟင်းမပါပဲ ထမင်းစားနေတာရယ် နောက်တစ်ချက်က 1108 ကို ငေးနေတာရယ်"
ဟင်းမပါပဲ ကင်ချီဖြင့်သာ ထမင်းစားနေရတာတော့ ဟုတ်ပါသည်။ ဒါကလည်း ချစ်လှစွာသော ရည်းစားဟောင်းကြီးကြောင့် ဟင်းကုန်သွားခြင်းပင်။ ဒါပေမယ့် ဒုတိယ တချက်ကတော့ Jungkook ကြောင်သွားသည်။ Jimin Hyung ကို ငေးတာနဲ့ လူသစ်နဲ့ ဆိုင်လို့လား..။ ငေးနေမိတယ် ဆိုတာ တခြားမဟုတ်ပါဘူး Jimin ဗန်းထဲကျ ဟင်းအပြည့်အစုံ ရှိနေလို့ပါ..။ ထိုအမျိုးသားကတော့ ပြုံးပြလျက် သူ့လက်ကို ထုတ်ပေးရင်း
"အာညော်.. ငါ့ နာမည် Jung Hoseok ဒါမှမဟုတ် 1802"
"ဟုတ်ကဲ့ Jeon Jungkook 1358 ပါ"Jungkook ခေါင်းညိမ့်ပြီးတော့သာ ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်သည်။ 1802 နာမ်စားပိုင်ရှင် Hoseok ဆိုသူကတော့ Jimin ရှိရာကို Jungkook နဲ့ အတူလိုက်ငေးရင်း
"ဒီကိုရောက်လာတဲ့ လူအသစ် တော်တော်များများက 1108 ကို စိတ်ဝင်စားနေကြတာကြီးပဲ"
Jungkook ခေါင်းသာ ငြိမ့်ပြလိုက်သည်။ ကျွန်တော့် အတွက် မထူးဆန်းတော့ပါဘူး.. ဒီ Hyung ရဲ့ ဘဲကြည်စော်ကြည် မှု ကို လက်တွေ့ မြင်ခဲ့ရသူ မဟုတ်လား..။
"ဒါတောင် ထောင်က ကျားမ ခွဲထားလို့ မဟုတ်ရင် 1108 တစ်ယောက်ကတော့ တကယ် ထောင်ထဲက Super star ဖြစ်နေမှာ.. အခုတောင် idol ကျနေတာပဲ ကြည့်ပါ့လား"
ဟုတ်ပါသည်။ Jimin ရဲ့အနားမှာ ယောက်ျားလေးတွေ ဝိုင်းလို့ ရယ်မော စကားတွေပြောနေကြတာ.. တချို့ဆို ပါးစပ်အဟောင်းသားနဲ့တောင် Jimin ကို ငုတ်တုတ်ငေးလို့..။ အရင်ကတည်းက Social ကျတဲ့ ကျွန်တော့် ရည်းစားဟောင်း Hyung က ထောင်ထဲမှာတောင် လူချစ်လူခင် ပေါမပျက်ခဲ့ဘူး..။ Jungkook ချက်ခြင်း အကြည့်လွှဲကာ ထမင်းအဖြူကို တစ်ဇွန်း ပါးစပ်ထဲ သွင်းလိုက်သည်။ Hoseok က သူ့ထမင်း အကန့်ဗန်းလေးထဲက အသားလွှာလေးတစ်လွှာ Jungkook ထမင်းထဲ ထည့်ပေးလိုက်ရင်း
YOU ARE READING
Love Never Gets Old
Fanfiction(Unicode + Zawgyi) Unicode; စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်တော့မှ အိုဟောင်း ရိုးအီမသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။ Zawgyi; စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်တော့မှ အိုဟောင်း ရိုးအီမသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။ Kookmin Myanmar Fic