Unicode;
"ဘာလို့ ကျွန်တော်တို့နဲ့ အတူလာမထိုင်တာလဲ"
ပိုက်ဆံချေးရန် အတွက် Jungkook တစ်ယောက် Taehyung စားပွဲဝိုင်းဆီ ရောက်လာခဲ့သည်။ Taehyung က ဘာမှမဖြေပဲ သက်ပြင်းသာ ချပြနေလေသည်မို့ Jungkook ကပဲ
"မနေ့ညက Hoseok Hyung နဲ့ ဘာတွေ ပြောဖြစ်ကြလဲ"
Jungkook မေးခွန်းကို Taehyung က ချက်ခြင်း ပြန်မဖြေပဲ စိတ်မပါသလို ထမင်းဝါးနေရင်းမှ
"ပထမဆုံးပဲ..."
"ဘာကိုလဲ"
"ငါက ပြောပြီး သူ့ဘက်က အမြဲနားထောင်ခဲ့ပေမယ့် မနေ့ညက ပထမဆုံးပဲ သူ့ဘက်က ရေပက်မဝင်အောင် စကားတွေ ပေါလာပြီး ငါက နားထောင်သူဖြစ်ခဲ့တာ"နာနာကျင်ကျင် ပြုံးလိုက်တဲ့ Taehyung ကြောင့် ပိုက်ဆံချေးဖို့ ရောက်လာတဲ့ Jungkook မှာ ဆက်မပြောရဲတော့ပဲ အသည်းကွဲသူရဲ့ ရင်ဖွင့်သံကို ထိုင်နားထောင် ပေးနေလိုက်သည်။
"မင်းပြောသလို သူ့စိတ်ထဲကို အရင်ဝင်နိုင်ဖို့ ကြိုးစားခဲ့ပြီးပြီ.. ငါ့အတွက် နေရာမရှိဘူး.. အဲ့တာကြောင့် ငါ မလာတော့တာ... သူ့အနားရော.. သူ့စိတ်ထဲရော.. သူနှလုံးသားထဲရောပေါ့.."
ကြေကွဲနေသယောင် တိုးညင်းနေတဲ့ Taehyung အသံကြောင့် Jungkook စိတ်မကောင်းဖြစ်မိသလို။ တစ်ဖက်သတ် ချစ်ရတာ သိပ်ပင်ပန်းတာကိုး..။ Taehyung ပခုံးကိုသာ အားပေးသလို ဖွဖွလေး ပုတ်ပေးလိုက်ရင်း
"အဲ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်"
နားလည်ပေမယ့်... လောလောဆယ် ပိုက်ဆံချေးချင်တာ..။ ဘယ်လို စကားဆက်ရမလဲ Jungkook တွေဝေနေသည်ကို Taehyung က ရိပ်မိဟန်ပေါ်သည်။
"ငါ့ကို တစ်ခုခု ပြောစရာရှိလို့လား"
"ဟဲ.. ရိပ်မိတာ မြန်သားပဲ"
"မင်းမျက်နှာကြီးက မအီမသာကြီးကို"
"ငွေသားနည်းနည်းလောက်ချေးပါ ထောင်က ထွက်တဲ့အခါ ဆက်ပါ့မယ်.. Jimin Hyung မူးပြီး မှောက်နေတာ ခုထိ မထနိုင်သေးလို့ နိူးလားရင် ခေါင်းကိုက်နေမှာစိုးလို့... အမူးပြေ စားရအောင် တခုခု ပြင်ပေးချင်လို့ပါ"Taehyung က မကျေနပ်သလို ဆောင့်အောင့်ကာ သူ့ဘောင်းဘီအိတ်ထဲ နိူက်ရင်း ပွစိ ပွစိ ပြောလေတော့သည်။
YOU ARE READING
Love Never Gets Old
Fanfiction(Unicode + Zawgyi) Unicode; စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်တော့မှ အိုဟောင်း ရိုးအီမသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။ Zawgyi; စစ်မှန်တဲ့ အချစ်ဆိုတာ ဘယ်တော့မှ အိုဟောင်း ရိုးအီမသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...။ Kookmin Myanmar Fic