7

3.5K 595 128
                                    

Unicode;

အချစ်.. နာမည် ကသာ ရိုးရိုးလေးနဲ့ လှတာ.. တကယ်တမ်းကျ ထိုအမည်နာမ လှလှလေးနောက်မှာ ရှုပ်ထွေးမှုက ကွယ်ဝှက်နေတတ်တာ... သူ့မာယာ။ .......။

မနက်စာစားချိန် အပြီး ထောင်ခန်းလေးထဲ ပြန်အရောက်မှာ Jungkook ရော Jimin ရော တိတ်ဆိတ် နေမိသည်။ ထောင်ခန်းကျဉ်းလေးဟာ နေ့ချင်းညချင်း ဆောင်းဝင်သွားသလို အေးစက်နေလေသည်။ Jimin ကတော့ လုပ်နေကြအတိုင်း အခန်းထောင့်လေးမှာ စာအုပ်လေးဖတ်နေလေသည်။ Jimin ရှိရာအား ကျောခိုင်းကာ လဲလျောင်းနေသည့် Jungkook ကတော့ အခုထိ မိုးပြိုနေဆဲ..။

နေ့လည်စာစားချိန်ထိတောင် ပုံမပျက်လဲလျောင်းနေသည့် Jungkook ကို Jimin ခေါ်ချင်ပေမယ့်လည်း မခေါ်ရဲ။ သက်ပြင်းခိုးချရင်းပဲ တိတ်ဆိတ်စွာ ထွက်လာခဲ့သည်။ ထောင်ခန်းလေးရှေ့ ရပ်နေသည့် 1802 ကြောင့် Jimin ကြောင်သွားသည်။ 1802 ကလည်း Jimin ကို တွေ့တော့ လန့်သွားသလိုဟန်ဖြင့်

"ဟို ဟို တောင်းပန်ပါတယ်.. Jeon Jungkook ကို လာခေါ်တာပါ.. စိတ်မဆိုးပါနဲ့နော် တောင်းပန်ပါတယ်"

အတင်းတောင်းပန်နေသည့် 1802 ကြောင့် Jimin ဘာပြန်ပြောရမှန်းမသိ။

"ဘာလို့ ဒီလောက်တောင်းပန်နေမှန်း မသိပေမယ့်.. ဟို တောင်းပန်စရာမလိုပါဘူး"
"အရမ်း တောင်းပန်နေလို့ စိတ်အနှောက်ယှက် ဖြစ်သွားတာလား တောင်းပန်ပါတယ်"

ဘာကြောင့်လဲ နားမလည်ပေမယ့် Jungkook ထွက်လာသည်မို့ Jimin ဆက်မပြောတော့ပဲ ထောင်ခန်းလေး အရှေ့မှ ထွက်လာခဲ့လိုက်သည်။

"Hyung ဘာတွေ အဲ့လောက် တောင်းပန်နေတာလဲ"
"အာ.. 1108 ကိုပါ တော်ကြာ သူစိတ်အနှောက်ယှက် ဖြစ်သွားလို့ 1230 က ငါ့ကိုထပ် ပြသနာရှာနေမှ ဒုက္ခ"

1108 ဆိုသည့် နာမ်စားလေးကို ကြားလိုက်တာနဲ့ Jungkook သက်ပြင်းချမိသည်။ Jimin အကြောင်း ထပ်မတွေးမိဖို့ ကြိုးစားရင်း နေ့လည်စာ စားဖို့သာ အာရုံစိုက်လိုက်သည်။ ဟုတ်တယ်.. ငါ လုပ်နိုင်တယ်.. အရင်တခါကလည်း မင်း ဖြတ်ကျော်နိုင်ခဲ့တာပဲ မလား.. Park Jimin မရှိပဲ မင်းနေနိုင်ပါတယ် Jeon Jungkook ရာ..။ ကိုယ့်ကိုကိုယ် အားပေးပြီး Hoseok နဲ့အတူ ထမင်းစားသည့် နေရာလေးဆီ ချီတက်လာခဲ့သည်။

Love Never Gets OldWhere stories live. Discover now