~Eve(Z+U)

170 28 11
                                    

Unicode....

"ကိုယ်ပြောတာကို နားထောင်ပါ ဒီရောဂါက စိတ်နဲ့လည်းအများကြီးဆိုင်တယ်၊ အခုလို ဆေးတွေ ဆက်သောက်နေရင် ဆေးမတိုးတော့တာ ဒါမှမဟုတ် မင်း စိတ်ကျန်းမာရေးဆေးရုံရောက်သွားတာ ၊ တစ်ခုမဟုတ်တစ်ခုဖြစ်သွားနိုင်တယ်.."

"ကောင်းပါပြီ Doctor ၊ ကျွန်တော်ကြိုးစားကြည့်ပါ့မယ်.."

အခန်းထဲက ထြက္ခြာသြားတဲ့ လူနာ ဂင်ဂျုံအင် ရဲ့ ကျောပြင်ကိုကြည့်ပြီး ဘတ်ခ်ဟျွန်း သက်ပြင်း အသာချလိုက်မိသည်..
စားပွဲပေါ်က ငြိမ်သက်နေတဲ့ ဖုန်းလေးကို အကြည့်ရောက်သွားချိန်မှာ တစ်စုံတစ်ယောက်များ ဆက်သွယ်လာလေ မလားရယ်လို့ မျှော်လင့်ချက်တွေဟာလည်း အလွှာပါးလာခဲ့ပြီဖြစ်သည်..

နောက်ဆုံးအဆက်အသွယ် ရှိခဲ့ကြတာ လတွေတောင်ချီခဲ့ပြီဖြစ်သည်..

"ပထမဆုံးအနေနဲ့ ဆန္ဒမပါဝင်ပဲ လက်ထပ်ပွဲကို သက်မှတ်ခဲ့မိလို့ တောင်းပန်ပါတယ်..ကျွန်တော့်ကြောင့် အကို့ကို ပင်ပန်းစေခဲ့ပြီ၊..မေမေ ကို လက်ထပ်ပွဲ ဖျတ်သိမ်းလိုက်ဖို့ ကျွန်တော်ပြောပြီးပါပြီ၊ မေမကေ အကို့ကို ပင်ပန်းစေခဲ့မိလို့ သက်သက်တောင်းပန်အုန်းမယ်လို့တော့ပြောတာပဲ၊ ဘာပဲ ဖြစ်ဖြစ် ဒီအတောအတွင်းမှာ ကိုယ့်ဘဝကိုယ်မသိပဲ အကို့ကို စိတ်ဒုက္ခတွေပဲ ပေးခဲ့မိလို့ ခွင့်လွှတ်ပါ..အခုတော့ စိတ်ရှုပ်စရာကောင်းတဲ့ ကျွန်တော့်ရဲ့ကပ်တွယ်ခြင်းတွေ မရှိတော့လို့ အကို့ဘဝလေး ပျော်ရွှင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်..အကိုချစ်တဲ့ အမ နဲ့လည်း မိသားစုဘဝလေး တည်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ပျော်ရွှင်ပါစေ အကို ဒါကျွန်တော့်ဘဝမယ် အကိုနဲ့ပတ်သတ်တဲ့ နောက်ဆုံးအတ္တလေးပါပဲ.."

ဆွေနွေးပွဲအချိန်မှာ ဝင်လာတဲ့ message လေးကို သူဖွင့်ကြည့်ချိန်မှာ နောက်တစ်ရက်တောင်ရောက်နေခဲ့ပြီ..
အရင်လို ထမင်းစားပြီးပြီလား၊ နေကောင်းလားဆိုတဲ့ အရေးမပါတဲ့စကားတွေပဲထင်ပြီး သူက လျစ်လျူရှူ့ထားခဲ့မိတာ..
ကောင်လေးပြောသလိုပဲ သူ့အမေက သူမအမှားပါဆိုပြီး တကူးတကလာတောင်းပန်ခဲ့ပြီး၊
ကောင်လေးကလည်း သူ့ဂတိအတိုင်း ထပ်ပြီးပေါ်မလာခဲ့ဘူး..

☪--Asymptote--☪[Complete]Where stories live. Discover now