~Afterglow(Z+U)

256 42 2
                                    

Zawgyi....

"ရှင်းငယ်​ ကိုကို​ကြောက်​တယ်​ ကိုကို့ကို ကယ်​ပါအုန်း"

"ကိုကို မ​ကြောက်​နဲ့ ကျွန်​​တော်​ကယ်​မယ်​.."

သေနတ်​​ထောက်​ခံထားရတဲ့ ကျင်း​လောင်​နဲ့ သူ့တပည့်​​တွေကို ရီရှင်းတို့အဖွဲ့က ဖမ်းစည်းလိုက်​ပြီး​နောက်​၊ အခန်းထဲမှာ ရီရှင်းနဲ့ ဆူဟို နှစ်​​ယောက်​ထဲပဲ ကျန်​ခဲ့​တော့တယ်​..

"အသက်​​တော့ရှိ​သေးသားပဲ.."

ရီရှင်းက ခပ်​မဲ့မဲ့ပြုံးပြီး ဆူဟိုကို ခနဲ့တယ်​..
ဆူဟိုက ​မတရားခံရသူလို ကုတ်​ကုတ်​က​လေး ရီရှင်းအနားကို ကပ်​လာတယ်​..

"စိတ်​ပူ​နေတာလား....ကိုကိုက က​လေးမဟုတ်​​တော့ပါဘူး...ဒီ​လောက်​က​တော့..."

"​ပြောစကားနား​ထောင်​တဲ့က​လေးမဟုတ်​​တော့လို့ ​ပြော​နေတာ​လေ..မ​တွေ့ရတဲ့ရက်​အတွင်းမှာ ​ပျောက်​သွားတာ ကျွန်​​တော်​ဘယ်​​လောက်​ထိ စိတ်​ပူသွားလည်းသိလား..ဂင်​ဆူဟို ခင်​ဗျားမရူးမိုက်​စမ်းပါနဲ့..ခင်​ဗျားသာတစ်​ခုခုဖြစ်​ရင်​ ဒီက ​ကောင်​က ရင်​ကွဲရမှာ... ဟား....."

ရီရှင်းက စကား​တွေအများကြီး​ပြောပြီး ဆူပူ​နေချိန်​မှာ ဆူဟို ​ခေါင်း​လေးသာ ငုံ့ထားမိသည်​..

"​တောင်းပန်​ပါတယ်​...."

"ဟမ်း...ကျွန်​​တော်​လည်း​တောင်းပန်​တယ်​..ကိုကို့ကို ပြစ်​မထားသင့်​ဘူး..."

ရီရှင်းက ဆူဟိုကိုယ်​​လေးကို ဆွဲဖက်​လိုက်​ပြီး
ဆံသားအိအိ​လေး​တွေ​ပေါ် ဖွဖွနမ်းကာ ​တောင်းပန်​စကားဆိုသည်​..

ဒီအမှုကို အထက်​ကကိုင်​မည်​ဆို​သော​ကြောင့်​ ရီရှင်းလွှဲ​ပေးလိုက်​ရပြီး၊ဆူဟိုကိုလည်း အ​သေအချာပြန်​မ​မေးခဲ့သလို၊ဆူဟိုသည်​လည်း တစ်​ခွန်းမှ မဟခဲ့ပါ..

‌​​​နောက်​၃ရက်​အကြာမှာပဲ ကွင်းဆက်​လူသတ်​မှုရဲ့ တရားခံကိုဖမ်းမိခဲ့ပြီး၊အမှုကျဲ​နေချိန်​မှာ ရီရှင်း ခွင့်​တစ်​ရက်​ယူကာ ဆူဟိုကို အချိန်​​ပေးရန်​ ဆုံးဖြတ်​ခဲ့သည်​..

☪--Asymptote--☪[Complete]Donde viven las historias. Descúbrelo ahora