~Lamentation(Z+U)

285 55 6
                                    

Zawgyi....

စားပွဲအထက်​မှာ စုံလင်​၊များပြားတဲ့ ဟင်းခွက်​​တွေက အ​ငွေ့တလူလူဖြင့်​ သ​ရေယို စရာ ဆွဲ​ဆောင်​လို့​နေ​ပေမဲ့ ဆူဟိုသည်​ လက်​ထဲက သူ၏​ရှေ့မှထမင်းပန်းကန်​အား စိတ်​ပျက်​လက်​ပျက်​ ​ခြေမွှလို့​နေသည်​....

"စားလို့မ​ကောင်းဘူးလား....."

အေးစက်​သည့်​စကားသံက နှုတ်​ခမ်း​လေးလှုတ်​ရုံ ထွက်​လာ​ပေမဲ့ ရီရှင်းအတွက်​​တော့ လုံ​လောက်​​နေပြီဖြစ်​သည်​....
ဂရုမစိုက်​တဲ့​ကောင်​​လေး၊ဂရုမစိုက်​ဟန်​​ဆောင်​​နေတဲ့ ​ကောင်​​လေးက ​နောက်​ဆုံး​တော့ အ​ရည်​​ပျော်​စပြု​နေပြီဖြစ်​​ကြောင်း ဆူဟို သိရှိခဲ့သည်​...

"အပြင်​စာ မစားရတာကြာပြီ....၀က်​​ခြေ​ထောက်​​ပေါင်းဖြစ်​ဖြစ်​၊​ဟော့​ပေါ့စပ်​စပ်​​လေးပဲ ဖြစ်​ဖြစ်​စားလိုက်​ရရင်​ သိပ်​​ကောင်းမှာပဲ....."

ဆူဟိုက ​​တွေးဆဆ​ရေရွတ်​​နေရင်း လျှာသပ်​လိုက်​သည်​.....
ရီရှင်းက လျှပ်​တစ်​ပြတ်​ ထွက်​​ပေါ်လာသည့်​ လျှာနီနီ​လေးအား အမိအရကြည့်​ရင်း မျက်​၀န်းတို့မဲ​မှောင်​လို့သွားခဲ့သည်​....

"အပို​ပြောမ​နေနဲ့ စားစရာရှိတာစား...."

ဆူဟိုက နှာမှုတ်​ကာ ထမင်းပန်းကန်​အား ဆက်​လက်​ထိုးစွ​နေလိုက်​သည်​...
ဘယ်​သူက အကြီးမှန်းမသိရ​လောက်​​အောင်
ရီရှင်းက ဆူ​ဟောက်​ရတာကို သ​ဘောကျလို့​နေတယ်​ဆိုတာ အသိသာကြီးပဲ....

"ဒါမစားချင်​ရင်​ တစ်​​နေ့လုံးအငတ်​​နေလိုက်​​လေ...."

ရီရှင်းက ​ပြောရင်းဆိုရင်းပဲ စားပွဲ​ပေါ်က ဟင်းခွက်​များနှင့်​ ဆူဟို​ရှေ့မှ ထမင်းပန်းကန်​ကိုပါ
တစ်​ခါတည်း သိမ်းဆည်းသွား​တော့သည်​....
ဆူဟိုသည်​လည်း စကားအများကြီး မ​ပြော​တော့ပဲ အ​ပေါ်ထပ်​ရှိ သူ၏ အခန်းထဲသို့ တက်​သွား​တော့သည်​.....

ဒေါက်​...​ဒေါက်​.....

Laptop တစ်​လုံးနှင့်​ ၁၅မိနစ်​ခန့်​ အလုပ်​ရှုပ်​လို့အပြီးတွင်​ အခန်းပြင်​မှ တံခါး​ခေါက်​သံဟာ ထွက်​​ပေါ်လာတယ်​....
ဆူဟို , ​လေးပင်​​နေသည့်​ ​ခြေလှမ်းများနှင့်​ တံခါးဖွင့်​​ပေးလိုက်​သည့်​အချိန်​တွင်​ အနည်းငယ်​ ​နွေး​နွေး​ထွေး​ထွေး​၀တ်​ဆင်​ထားသည့်​ ရီရှင်းအား ​တွေ့လိုက်​ရတယ်​....

☪--Asymptote--☪[Complete]Место, где живут истории. Откройте их для себя