~Zygoma(Z+U)

337 29 14
                                    

Unicode...

အလုပ်မအားတဲ့ကြားထဲကပဲ ရီရှင်းက ဆူဟိုအတွက် အချိန်ဖဲ့ပေးပြီး၊ Date တိုင်းလည်း
ဆူဟိုက ဖုံးကွယ်ကာနဲ့ ခိုးကြောင်ခိုးဝှက် ချိန်တွေ့ကြတာကလည်း သူတို့နှစ်ဦးစလုံးအတွက်
ရင်ဖိုဖွယ်ကောင်းသော အမှတ်တရများဖြစ်လာ
ခဲ့သည်..

အသက်ပိုကြီးတဲ့ ဆူဟိုက တစ်ခါတစ်လေ ရီရှင်းကို ချစ်ဆိုး ဆိုးတက်ကာ၊ တစ်ခါတစ်လေတော့လည်း အသေးအဖွဲ့လေးကပင် ရီရှင်းက သဝန်တိုတက်သည်..
တကူးတကလုပ်ယူထားရတဲ့ အမှတ်တရတွေမရှိပေမဲ့လည်း ၊ အမှတ်တရသေးသေးလေးကပင် သူတို့နှစ်ယောက်အတွက် အဖိုးမဖြတ်နိုင်ခဲ့ပါ..

"ရီရှင်း ကိုကို့ကို ချစ်လား..." လို့
အဝေးရောက်နေတဲ့ ဆူဟိုက ဆိုးနွဲ့နွဲ့လေးမေးရင် ဖုန်းထဲက ရယ်သံချိုချိုလေးပျံ့လွင့်လာပြီး
ရီရှင်း က အတည်အတန့် ဖြေရှာတယ်..

"ခင်ဗျားကိုမှ မချစ်ရင် ကျွန်တော်က ဘယ်သူ့ကို သွားချစ်ရပါ့မလဲ..ခင်ဗျားကို ချစ်ဖို့မွေးဖွားလာတဲ့ ဒီကောင်ကိုလေ...ဟား ကိုကို၊ ကျွန်တော် သိပ်ချစ်တာ ကိုကိုသိရဲ့နဲ့" တဲ့...

ချစ်လားလို့ မေးခွန်းထုတ်တိုင်း ချစ်စနိုးနဲ့ ဆူပူတက်ပေမဲ့လည်း ချစ်ကြောင်းပြန်ပြောပြဖို့ကို
ရီရှင်းက မမေ့လျောရှာလေဘူး..

တိုင်းတပါးမှာ ကောင်လေးတစ်ယောက်ကို
တွေ့ချင်လို့ အလုပ်တွေ အမြန်ဖြတ်နေတဲ့
ယုန်ဖြူလေးက အလုပ်တွေ့ပြီးပြတ်ချိန်မှာ ဇာတိမြေကို အပြေးလာပြီး တွေ့ချင်သူကို
ပြေးတွေ့ကာ နှစ်ဦးသားအလွမ်းပြေအောင်
ခပ်တင်းတင်းပွေ့ဖတ်ထားကြပြန်တယ်...

အလုပ်တွေလုပ်နေချိန်မှာ ထမင်းဟင်းမေ့တက်တဲ့ ရီရှင်းကို အကိုကြီးတစ်ယောက်လို ဆူဟိုက
ဆူပူတက်ပြီး၊ ရီရှင်းက အပြစ်ရှိသူပီပီ ခေါင်း
ငုံ့ကာ နာခံနေတက်ပြီး နောက်ဆုံးမှာတော့ ဆူရ
မောသွားတဲ့ ဒေါသကြီးနေတဲ့ယုန်ဖြူလေးကို
ပွေ့ဖတ်ကာ ဆူဟိုရဲ့အားနည်းချက်ဖြစ်တဲ့ သူ့ပါးချိုင့်တွေနဲ့ ပြုစားပြန်တယ်..

တစ်ဖက်မှာလည်း ရီရှင်းက အထက်လူကြီးဖြစ်တဲ့ အင်ဆွန်ဟီးက သွယ်ဝှိုက်၍ဖြစ်စေ၊ ပွင့်လင်း
စွာဖြင့်သော် အမျိုးမျိုးသောအပြုအမူတို့ဖြင့်
ရီရှင်းအပေါ် သူ့ရဲ့ချစ်ခြင်းတို့ကို ထုတ်ဖော်ပြသ
လေ့ရှိသည်..
သို့သော်လည်း သူ၏မျက်ဝန်းတို့သည် တစ်ဦးတည်းသာကြည့်၍၊ နှလုံးသားထဲ၌ တစ်ဦးတည်း
သာ သိမ်းစည်းထားသော၊ သူသည် ကိုကို့ မူပိုင်ဟု ယူဆသော ရီရှင်းသည် တစ်မင်သက်သက်သော်လည်းကောင်း၊ အမှန်တစ်ကယ် မသိမမြင်ခဲ့သည်ကြောင့်သော် လည်းကောင်း
အင်ဆွန်ဟီး၏ သူ့အပေါ်လျှံကျနေသော အချစ်
များကို ဥပေက္ခာပြုထားခဲ့သည်..

☪--Asymptote--☪[Complete]Onde histórias criam vida. Descubra agora