~Intolerance(Z+U)

221 39 6
                                    

Zawgyi...

ဒီ​နေ့နဲ့ဆို ဆူဟိုဆီမပြန်​ဖြစ်​တာ နှစ်​ရက်​နဲ့တစ်​ညရှိပြီ..
ကွင်းဆက်​လူသတ်​မှုအ​ကြောင်းစုံစမ်းရင်း သတင်းရတာနဲ့ထ​ပြေး​နေရတာ ​ကောင်း​ကောင်း​တောင်​မအိပ်​​ရ​သေးဘူး..
အိပ်​​ရေးမ၀လို့ နီရဲ​နေတဲ့မျက်​၀န်း​တွေကို ပွတ်​သတ်​ပြီး ​နောက်​လှန်​ကာ​ကျောမှီလိုက်​သည်​..
တစ်​နာရီက တစ်​သက်​​လောက်​လိုပဲ၊လွမ်းတယ်​..

"မင်​ဟွန်း..အ​ကြောင်းထူးရင်​ ငါ့ကို ဖုန်းဆက်​..ငါအိပ်​ခနပြန်​အုန်းမယ်​..."

"ဟုတ်​ကဲ့..."

ရီရှင်း စခန်းက​နေ ဆူဟိုဝယ်​​ပေးထားတဲ့ ကားသစ်​​လေးကို ​မောင်းကာထွက်​လာခဲ့သည်​..
ရီရှင်းအိမ်​က​နေ အ၀တ်​တစ်​ထည်​ကိုယ်​တစ်​ခုနဲ့ထွက်​လာပြီးကတည်းက ပြည့်​ပြည့်​စုံစုံ​နေရတာ ဆူဟိုနဲ့ဆုံတဲ့ဒီအချိန်​ပဲရှိ​သေးတယ်​..
ကားနက်​​လေးက ​စေလိုရာအိမ်​​ရှေ့မှာရပ်​တန့်​သွားပြီး၊အိမ်​ထဲက ထွက်​လာတဲ့ အနက်​​ရောင်​လူအချို့နဲ့ ရီရှင်း ထိပ်​တိုက်​​တွေ့လိုက်​ရသည်​..

ရီရှင်း မျက်​ခုံးကျုံ့ကာ ​တစ်​စုံတစ်​ခု​ပြောရန်​ ပြင်​​နေစဉ်​မှာပဲ အိမ်​ထဲက ထပ်​ထွက်​လာတဲ့ လုဟန်​က သူ့ကိုမြင်​ပြီး မျက်​လုံး​တွေက အကြည့်​လွှဲလို့​နေတယ်​...

"ဘာဖြစ်​​နေတာလည်း..."

"အဟမ်း...ဆူဟို ပြန်​​ပေးဆွဲခံရလို့..."

ရီရှင်း နှုတ်​ခမ်းကိုဖိကိုက်​လိုက်​ပြီး သူ့ကိုအကြည့်​လွှဲ​နေတဲ့ လုဟန်​ကို သတ်​ဖြတ်​လိုစိတ်​အပြည့်​နဲ့စူးစိုက်​ကြည့်​လိုက်​တယ်​..

"ဘယ်​အချိန်​ကလည်း..."

"၁ရက်​​ကျော်​​နေပြီ..."

"၂၄နာရီ​ကျော်​ရင်​ လူ​ပျောက်​တိုင်​လို့ရတယ်​ဆိုတာ..​သောက်​ကျိုးနည်း ခင်​ဗျားဦး​နှောက်​က မသိဘူးလား..လုဟန်​ ခင်​ဗျား ဘာလုပ်​​နေတာလည်း..သူတစ်​ခုခုဖြစ်​ရင်​ ခင်​ဗျား ကျွန်​​တော်​နဲ့​တွေ့မယ်​..."

အဆဲခံလိုက်​ရလို့ မ​ကျေနပ်​​ပေမဲ့၊ရီရှင်းရဲ့ မီးခဲထိုင်​ထားရတဲ့ပုံနဲ့ ဖြစ်​အင်​ကိုကြည့်​ပြီး လုဟန်​ တိတ်​တဆိတ်​​ပျော်​ရွှင်​​နေတာ​တော့ အမှန်​ပဲ...
သေစမ်း...ကြည့်​လို့​ကောင်းလိုက်​တာ..ဟဟ

☪--Asymptote--☪[Complete]Hikayelerin yaşadığı yer. Şimdi keşfedin