Chapter 68 အနီးကပ်တိုက်ပွဲ

206 37 4
                                    

Zawgyi

အနီးကပ်တိုက်ပွဲ

ကျွန်တော်ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားမိတယ်။ပြီးမှသိခဲ့ရတာက ကျွန်တော့်အရှေ့ကကျောက်တံခါးကိုတစ်စုံတစ်ယောက်က မ တင်လိုက်တယ်ဆိုတာကိုပဲ။အဲ့ဒီအချိန်မှာပဲ ထိုတစ်စုံတစ်ယောက်ဆိုတာ ဦးလေး၃နဲ့အားနင် တစ်ယောက်ယောက်ဖြစ်ပါစေလို့ပဲဆုတောင်းမိတယ်။ဘာလို့ဆိုသချိုင်းထဲမှာ သူတို့ကလွဲပြီးကျန်တဲ့သူရှိမနေဘူးလေ။ထို့ကြောင့်ဆုတောင်းခြင်းများစွာနဲ့ပဲ ကျွန်တော်ခေါင်းမော့ကြည့်ခဲ့တယ်။ဒါပေမယ့် ဆုတောင်းတွေကတာရှည်မခံပဲ မျက်စိရှေ့မှာတွေ့နေရတာက မှုန်ဝါးမှုတွေထဲကကြည်လင်ပြတ်သားလာတဲ့ ပင်လယ်မျောက် ဆိုတဲ့အရာဟာရပ်တည်နေခဲ့ပြန်သည်။ သူ့ရဲ့ကျောပြင်ကိုမတ်ကာ ကျွန်တော့်ကိုအစိမ်းလိုက်စားတော့မတတ်ငုံ့ကြည့်နေ
ခဲ့သည်။

မျက်လုံးထောင့်စွန်းမှနေပြီးသူ့ရဲ့ပုခုံးမှာအချွန်တစ်ခုခုက​ဖောက်ထွင်းခံထားရတာမြင်နေရတယ်။ကျွန်တော်စိတ်ထဲမှလည်း သက်ပြင်းတစ်ခုချမိတယ်။ ထိုသက်ပြင်းတစ်ချက်ကစိတ်အားသက်သာသွားသည်ကို ကိုယ်စားမပြုပဲ ဒီပင်လယ်မျောက်ကကျွန်တော့်ကိုတစ်ကယ်အစိမ်းလိုက်စားပစ်တော့မယ်ဆိုတာကြိုသိနေခဲ့လိုပါပဲ။

ဒီလောက်အထိ drema ဆန်စွာတိုက်ဆိုင်သွားလိမ့်မယ်လို့ကျွန်တော်တစ်ကယ်မထင်ထားဘူး။ကျွန်​တော်တစ်ကယ်ကိုဗလာကျင်းသွားခဲ့ပြီ။ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က ကျွန်တော့်ရဲ့ဘောင်းဘီစကိုလာဆွဲနေတယ်လို့ခံစားလိုက်ရတယ်။ကျွန်တော်ငုံကြည့်လိုက်တော့ ထိုတစ်စုံတစ်ယောက်ဟာ မျက်နှာသေဖြစ်နေတယ်။သူကကျွန်​တော့်ကို​အောက်ငုံ့ချလိုက်ဖို့ရိုက်ပြီးသတိ​ပေး​နေတယ်။ကျွန်​တော်က​တော့ ပင်လယ်မျောက်ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့လူသတ်မယ့အရိပ်အယောင်တွေကိုမြင်ရတာနဲ့တင်သူ့ရဲ့ဦးတည်ချက်ကိုသတိထားမိသွားတော့တယ်။ကျွန်တော်ခြေထောက်အောက်ကကြမ်းပြင်ဟာ နိမ့်ဆင်းနေသည်။ဒုတိယအကြိမ်အဖြစ်မျက်နှာစေဆီကသတိပေးမှုကိုရရှိခဲ့တယ်။အခုအချိန်မှာလှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့ဆိုတာကတစ်ကယ်ကိုမလွယ်ကူတဲ့အရာ....ကျွန်တော်လှုပ်ရှားမှုကိုအတတ်နိုင်ဆုံးနှေးကွေးထားပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်ခဲ့ပေမယ့် ပင်လယ်မျောက်ဆီက သတိပေးသံတစ်ခုကြားခဲ့ရတယ်။ကံမကောင်းစွာနဲ့ပဲ အောက်ကြမ်းပြင်ရဲ့လှုပ်ရှားမှုလေးဟာ ပင်လယ်မျောက်စတင်လှုပ်ရှားနေပြီဆိုတာကိုသက်သေပြနေခဲ့တယ်။ကျွန်တော့ဆီကိုအားအင်အပြည့်နဲ့ပြေးလာတဲ့ပင်လယ်မျောက်ဟာကျွန်တော့်ကိုလန့်သွားကာခြေချော်ပြီးနောက်ပြန်ထိုင်လဲကျသွားစေခဲ့တယ်။

盗墓笔记 (Daomu biji) Volume 1,2,3Where stories live. Discover now