Chapter 71 ဘေးကျပ်နံကျပ်

185 37 3
                                    

Zawgyi

ဘေးကျပ်နံကျပ်

မျက်နှာသေဆီကထိုစကားဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်ကအချိန်တွေဆီကိုပြန်တွေးမိစေသည်။

ပြောရရင် ဘုရင်လုနန်းတော်ကိုသွားနေတဲ့လမ်းကအခြေအနေလေးတစ်ရပ်ကိုသတိရသွားစေတယ်။ကျွန်တော်တို့အလောင်းကောင်ဂူကိုဖြတ်သွားတုန်းက ရေပေါ်မျောပါလာတဲ့အ​​လောင်း​ထဲက တွေ့ခဲ့ရတဲ့အ​ကောင်ရဲ့အမြှီးမှာပါလာတဲ့ ခေါင်းလောင်းလေးကိုပြန်ပြီးမှတ်မိလာစေတယ်။ထို​ခေါင်း​လောင်းထဲမှာ အပြာရောင် ကပ်ပါးတစ်ကောင်ပါလာပြီး ကျွန်တော်တို့တွေ့တော့ တွားသွားပြီးထွက်လာခဲ့တယ်လေ။ထိုခေါင်းလောင်းတစ်ခါမြည်တဲ့အချိန်မှာ လူတွေရဲ့စိတ်ကိုရူးသွပ်စေပြီးကျွန်တော်တို့အားလုံးပင်လျှင်ထိုအသံကြောင့်မူးဝေသွားခဲ့သည်။

အဲ့ဒီအချိန်ကလည်းမျက်နှာသေကိုကျွန်တော်တို့ကို​ရေထဲကန်ချပြီးကယ်ခဲ့တဲ့အတွက်​ကျေးဇူးတင်ရမည်။နောက်မှသာဦး​လေး၃ရဲ့ပြောကြားချက်အရ ထိုပစ္စည်းဟာ စစ်ဖြစ်စဲကာလမတိုင်ခင်ရှိခဲ့တဲ့ပစ္စည်းဖြစ်မည်ဟုသိခဲ့ရသည်။အဲ့ဒီအချိန်တုန်းက ရှုပ်ထွေးနေပြီး ကျွန်တော်လည်းစိတ်ထဲအတိအကျမမှတ်ထားမိခဲ့ဘူး။ကြည့်ရတာ ဘုရင်လုနန်းတော်မှာတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက ကောင်းတဲ့အရာတစ်ခုအနေနဲ့တော့ ဖြစ်တည်မနေခဲ့ဘူး။အိမ်မက်တစ်ခုလိုအားလုံးကဝေးဝါးနေခဲ့ရသည်။ရူးမသွားတာပင်ကံကောင်းသည်ဟုဆိုရမည်လေ။ဒါတွေကိုကျွန်တော်ဘယ်လိုလုပ်ပြီးအသေးစိတ်မှတ်မိနေနိုင်ပါ့မလဲ။

အခုအချိန်မှာတော့ ကျွန်တော်တိကျအောင်ခွဲခြားမှဖြစ်တော့မည်။ကျွန်တော်မသေချာပေမယ့် ဒီနေရာကသေချာကြည့်လိုက်ရင် အဲ့ဒီအချိန်တုန်းက အလောင်းဂူနဲ့တူနေသလိုတော့ရှိသည်။အခုဒီနေရာလေးက မှိန်ပြပြအလင်းရောင်လေး လင်းနေတာကလွဲရင်ပေါ့။အဲ့ဒီတုန်းကခေါင်းလောင်းပေါ်လာပြီဆိုကတည်းကပန့်ကျစ်ကနင်းချေလိုက်ခဲ့သည်။အဖြစ်အပျက်နှစ်ခုကိုယှဉ်လိုက်ရင်ဒါကမဖြစ်နိုင်ဘူးမဟုတ်လား။ကျွန်တော့်အနေနဲ့ကတော့အခုအချိန်မှာဘာမှတ်ချက်မှမပေးပဲ ကြည့်နေမိသည်။

盗墓笔记 (Daomu biji) Volume 1,2,3Where stories live. Discover now