Chapter 87 ရေခူငါး

474 26 6
                                    

Zawgyi

ရေခူငါး

လောင်ယန်ပြောတာကပြောတာပဲလေ ဒါပေမယ့်ရေထဲမှာကို ဘယ်လိုမြန်မြန် ပြေးလို့ရမှာလဲလို့။ကျွန်တော်နည်းနည်းကူးပြီးနောက် နောက်ကိုပြန်လှည့်ကြည့်လိုက်သည်။အဲ့ သုံးမြှောင့်ပုံအရာက ကျွန်တော်တို့ဆီတည့်တည့်ပြေးဝင်လာနေကာ ဘေးမှရေမျက်နှာပြင်ကပင်လှိုင်းထန်နေသည်။

ကျွန်တော်ချက်ချင်းကိုဓာတ်မီးအားလက်ကောက်ဝတ်မှာချည်နှောင်လိုက်ပြီး ခါးပတ်ကြိုးကိုဖြုတ်ကာကျောပိုးအိတ်အားနောက်မှရှေ့ပို့၍ အကာအကွယ်ဖြစ်စေလိုက်သည်။တစ်ချိန်ထဲမှာလောင်ယန်ဆီမှအကူအညီရတာကြောင့်အဆင်ပြေသည်ဟုပြောရမည်ပင်။သို့သော်ထိုအချိန်ခဏလေးအတွင်းမှာပင် ထိုအရာက ၁၀မီတာလောက်အထိကူးလာနိုင်ပြီဖြစ်သည်။စိတ်ထဲမှာတော့ထိုအရာ၏ဘိုးဘွား၁၀ဆက်လောက်ကိုဆဲရေးပြီးသားဖြစ်ကာ ဘာမှကိုမတွေးနိုင်တော့ပေ။ထိုအကောင်က မျကိစိတစ်မှိတ်အတွင်းမှာပင်လျှင်မြန်မှုကိုအားကိုးကာ မျက်စိရှေ့ကိုရောက်လာနေလေပြီ။

ကျွန်တော်ခန္ဓာကိုယ်ကိုကိုင်းကာ ထိုအရာထံမှပုန်းကွယ်ဖို့ကြိုးစားခဲ့ပေမယ့်ထိုသုံးမြှောင်အရာ၏ရေပြင်ကျွမ်းကျင်မှုကတော့ ကျွန်တော့်အရှေ့သုံးမီတာလောက်ရောက်သည့်အချိန်မှာအလှည့်အပြောင်းတစ်ခုကိုမြင်လိုက်ရပြီး ထိုသုံးမြှောင့်ပုံအရာကိုတော့မတွေ့ရ။

ပြောတာပင်မြန်တာလားနောက်ကျတာလားမသိ။ကျွန်တော့်မျက်စိရှေ့မှာ ရေလှိုင်းတစ်ခုရိုက်လာတာကိုတွေ့လိုက်ရပြီးကျွန်တော့်ရင်ဘက်ကိုအရာတစ်ခုကအားပြင်းပြင်းနှင့်ဝင်ဆောင့်လိုက်သည်ကိုခံစားလိုက်ရသည်။အရှိန်ကအရမ်းမြန်လွန်းတာကြောင့်ဘာဖြစ်သွားမှန်းမသိလိုက်ရချေ။ပါးစပ်ထဲနှင့်နှာခေါင်းအပြည့် ညှီစော်နေသည့်ရေများအလုံးလိုက်ဝင်လာသည်ကိုပင်တွေ့လိုက်ရသည်။ရေနစ်မွန်းမှုကြောင့်အချိန်ခဏကြာမျက်လုံးများမဖွင့်နိုင်ခဲ့ဘူး။

ထိုအရာကကျွန်တော့အားအနောက်သို့ ၁၀ မီတာလောက်အထိကိုလွင့်သွားစေသည်။ခန္ဓာကိုယ်၏တစ်ဝက်လောက်ကထိုအရာအပေါ်တွင်ရှိနေပြီး သူကလမ်းကြောင်းပြောင်းကာ ကျွန်တော့်ကိုရေထဲသို့ဖိချလေပြန်သည်။ကျွန်တော်မှာအသက်ရှူချိန်ပင်မရလိုက်အကယ်၍ဒီလိုသာဆက်ပြီးသွားနေရင်ကျွန်တော်အသက်ရှူကျပ်သွားနိုင်သည်။ထိုအကြောင်းကိုစဉ်းစားမိတော့ အံ့ကြိတ်ပြီးရှိသမျှအားနှင့်ဓားမြှောင်ကိုဆွဲကာတွေ့ရာနေရာအားစိုက်ချလိုက်သည်။လက်ထဲမှာတုန်ယင်နေသည့်ခံစားမှုကိုသိလိုက်ရပြီး ဘယ်နေရာကိုစိုက်မိသွားသည်မသိရ။ထိုအရာကနာကျင်မှုကြောင့်လူးလွန့်နေပြီး ကျွန်တော့်ရင်ဘက်မှဖိအားတစ်ခုကလည်းလျော့ကျလာသည်။ဓားကအသုံးတည့်သွားသည်ထင်ပါရဲ့။ကျွန်တော်လည်းအခုမှသက်ပြင်းချနိုင်သွားသည်။ထိုဓားကိုပြန်ထုတ်ဖို့ကိုပင်ရုန်းကန်လိုက်ရပြီး ထို့နောက်မှလေကိုလောဘတစ်ကြီးရှူကာ ရင်ဘက်မှအိတ်ကိုစမ်းကြည့်လိုက်တော့ အိတ်ကတစ်ဝက်လောက်ပေါက်ပြဲနေပြီး အထဲကပစ္စည်းတွေပင်ဆုံးရှုံးလုနီးပါးဖြစ်နေသည်။ကံကောင်းတာက ရင်ဘက်နှင့်ထိုအရာ၏ကြားထဲမှာဒီအိတ်ကြားခံနေ၍သာ မဟုတ်ရင် ရင်ဘက်ကတော့မတွေးဝံ့စရာပင်။ထိုအရာ၏သွားတွေကဘာနှင့်များပြုလုပ်ထားသည်လည်း။

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 16, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

盗墓笔记 (Daomu biji) Volume 1,2,3Donde viven las historias. Descúbrelo ahora