Chapter 28: မီးလောင်မြိုက်ခြင်း

329 55 5
                                    

Zawgyi

အဲ့ဒီမျက်နှာက သွေးတွေကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ဒီအလောင်းက အထဲမှာကြွက်သားတွေအရည်ပျော်​နေတာလား ဒါမှမဟုတ် သွေး​တွေစုပ်ထုတ်ခံထားရတာလားဆိုတာမပြောတတ်ဘူး။ဒါပေမယ့် အဲ့ဒီမျက်နှာကိုရင်းနှီး​နေသလို​တော့ရှိတယ်။သေချာကြည့်​တော့မှ အဲ့ဒါ အားခွေ့မဟုတ်ဘူးလား ကြောက်ဖို့ကောင်းလွန်းတယ်။လူကောင်းတစ်ယောက်ကဒီလိုအဖြစ်မျိုးကြုံရလိမ့်မယ်လို့
ဘယ်တုန်းကမှမထင်ထားခဲ့ဘူး။

သူ့ရဲ့ဘယ်ဘက်ခေါင်းတစ်ခြမ်းကတော့ ကျည်ဆံကြောင့်ရောအကောင်တွေကြောင့်ပါအခွာခံထားရတယ်။ဒါ​ပေမယ့် ဦးနှောက်ကိုတော့မထိထားသေးဘူး။ကြည့်ရတာ သေလောက်တဲ့ဒဏ်ရာပြင်းထန်ပေမယ့် ရှင်းရှင်းပြောရရင် ဒီလိုဒဏ်ရာမျိုးဆိုသေသင့်ပေမယ့် သူဟာနောက်ဆုံးအချိန်ထိကျွန်တော်ကာကွယ်ဖို့ရန် နောက်ဆုံးဖြစ်နိုင်​လောက်မယ့် စကားတစ်ခွန်းကိုရအောင်ထုတ်ပြောတယ်။

"ရှောင်စန်းယဲ့ မြန်မြန်တက်သွား ပြောလို့မရဘူး သခင်လေး ဘေးကင်းရင်ကင်းသွားမှာ မြန်မြန်တက်"

သူနည်းနည်းမှမလှုပ်တော့ဘူး။ပထမကသူ့ခန္ဓာကိုယ်လှုပ်လို့မရတဲ့အ​ကြောင်းအရင်းကို သူ့မှာခန္ဓာကိုယ်တစ်ဝက်လောက်ပဲကျန်တော့တာအတွက်ကြောင့်လိုထင်မိတာ အခုတော့သူလုံးဝမလှုပ်တော့ဘူး။ရုတ်တရက်ဆိုသလိုသူ့ရဲ့မျက်လုံးတွေထဲက​နေပြတ်သားပြီရန်လိုတဲ့အရိပ်အ​​ယောင်​တွေမြင်လိုက်ရတယ်။ ကျွန်တော်လန့်သွားပေမယ့်ကျွန်တော့်ရဲ့လက်ကသူ့ရဲ့ကျန်နေတဲ့ကိုယ်တစ်ခြမ်းကလက်နဲ့သေချာစွာကိုင်ထားခြင်းခံရတယ်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခြမ်းပေါ်မှာ​သွေး​တွေ ကျွန်တော် အဲ့ဒီသွေးတွေကိုဖျက်နိုင်လို့ရငြား ဆွဲဖြန့်နေတယ်။ကျွန်တော့်လက်မှာ ပူလောင်ပြီးယားယံတဲ့ခံစားချက်မျိုးခံစားရတယ်။ပြီးတော့ အော်ဟစ်လိုက်တယ်

"တော်လိုက်​တော့!!!!!"

အားခွေ့ကမပြတ်သားပဲလုံးထွေးနေတဲ့အသံပြုလုပ်ပြီး ချက်ချင်းဆိုသလိုကျွန်တော့်ကိုဆွဲချတယ်။ကျွန်တော့အထင် အားခွေ့ရဲ့အရေပြားတွေဆိုးဝါးစွာအရည်ပျော်ကျနေတယ်ထင်တယ်။ကျွန်တော်ချက်ချင်းပဲသူ့လက်ကိုဖြုတ်ဖို့ကြိုးစားရတော့တယ်။လွတ်သွားတော့လည်း ခြေထောက်ကိုထပ်ပြီးဆွဲချနေပြန်တယ်။ကြည့်ရတာ သူကကျွန်တော့်ကိုပါ တစ်ခါတည်းခေါ်သွားချင်နေတဲ့ပုံနဲ့။ကျွန်တော်အော်ပြောနေမိတာက

盗墓笔记 (Daomu biji) Volume 1,2,3Where stories live. Discover now