Unicode
**Ultra-Love❤**
** အစွန်းရောက်အချစ် **
Part-1
ဆောင်းရာသီမနက်ခင်းတစ်ခုမှာ အနွေးထည်လေးတွေကိုယ်စီနဲ့ တစ်နေ့တာစတင်ဖို့ လှုပ်ရှားနေကြတဲ့လူတွေကိုကြည့်ပြီး ကျွန်တော်သက်ပြင်းသေးသေးလေးချမိတယ်.ကျွန်တော်လည်းထိုနည်းသူ ကျွန်တော့်ရဲ့ခက်ခဲတဲ့ တစ်နေ့တာကိုစတင်ရတော့မယ်မလား
" ရွက်ခတ်ရေ မြန်မြန်လာဟေး....ငါတို့ပန်းအော်ဒါ.အများကြီးရထားတယ်."
တောင်ပေါ်မြို့သေးသေးလေးရဲ့ ဆောင်းရာသီမနက်ခင်းဟာ မြေပြန့်ထပ်ပို၍အေးတတ်တယ်မလား ကျွန်တော့်ရဲ့ ပန်းဆိုင်ဆိုရင်လည်း ဒီဆောင်းရာသီဆို ပန်းတွေပိုစုံတတ်တာမလို့ ဒီလိုအေးနေတဲ့အချိန်မှာဆို ပန်းတွေအော်ဒါပိုမှာကြပါတယ်
ကျွန်တော်ကတော့အသက်၂၃နှစ်ရှိပါပြီး စိုက်ပျိုးရေးနဲ့ကျောင်းပြီးထားသူပီပီ မိဘတွေအမွေချန်ခဲ့တဲ့ ပန်းခြံကြီးမှာ ကျွန်တော်စိုက်ချင်တဲ့ပန်းမျိုးစိတ်သစ်မျိုးစုံကို ကြိုးစား စိုက်လေ့ရှိတယ် ဆိုင်သေးသေးလေးတစ်ဆိုင်ဖွင့်ကာသာမာန်လုပ်ကိုင်စားသောက်နေတဲ့သူတစ်ဦးလည်းဖြစ်တယ်
" ဗျို့.....ဘကြီး...ကျွန်တော်လာပြီး...ပန်းအော်ဒါ တယ်များသလား.ဘကြီးရေ."
ကျွန်တော့်ခြံ ေစာင့်ဘကြီးရယ် ကျွန်တော်ရယ် သူ့သား.တာရာမင်းဝေရယ်.ပုံမှန်ဆို ၃ယောက်နဲ့ဆိုင်ထိန်းနိုင်တယ် ဆိုင်ကအရမ်းမကြီးပေမယ့် အော်ဒါများတဲ့ရာသီဆို တာရာ့သူငယ်ချင်း မောင်ကောင်း.ကိုပါအကူခေါ်ရလေ့ရှိပြီး ပန်းအော်ဒါမရတဲ့နေ့တွေဆို ခြံထဲမှာ မျိုးစေ့အသစ်တွေကို စမ်းသပ် စိုက်ပျိုးလေ့ရှိတယ်
" များဆိုလို့ တောင်ကုန်းထိပ်ကစံအိမ်သူဋ္ဌေးက ဒီနှစ်သူ့သားမွေးနေ့ကို ဒီမှာလာကျင်းပတယ်လေ.."
" ဗျာ.....ဇေစံအိမ်လားဘကြီး."
" ဟုတ်တယ်သား....."
သြော်ဟုတ်သား..ကျွန်တော်မေ့နေတာပဲ ဒီနေ့ဆို ဇေရတု.အသက်၂၅ပြည့်တဲ့နှစ်ပဲ ဟား..ဟား..ရိီရတယ်...ဘာလို့ပြန်လာတာလဲ ဘာလို့လဲ..ဘာလို့ကျွန်တော့်ပန်းဆိုင်ကိုမှ ပန်းမှာရတာလဲ
YOU ARE READING
Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)
General FictionUltra-love **အစွန်းရောက် အချစ် " အချစ်တဲ့. .အချစ် ကျွန်တော့အတွက်ကအချစ်ဆိုတာဘာမှသုံးစားမရတဲ့ သုည ပါကွာ..............ရွက်ခတ်ကြွေ အချစ်မှာအရောင်အဆင်းအမျိုးမျိုးရှိပေမယ့် ကျွန်တော်ကအဖြူရောင် ချစ်ခြင်းကိုပဲ လက်ကိုင်မှီဝဲမယ့်သူပါ...ကျွန်တော်ချစ်တဲ့သူကအချ...