**Ultra-Love💗**
** အစွန်းရောက် အချစ် **
Part-21
နေဝင်ရီတရော..မိုးချုပ်ခါနီး.မိုးကုတ်ကိုပြန်မယ့်နောက်ဆုံးကားပေါ်တက်ကာ တောင်ပေါ်မြို့လေးကနေစွန့်ခွာဖို့ ထွက်သွားသည့်တာရာ..
တကယ်လည်းစွန့်ခွာရသည့်အခါမှာတော့ လာပြန်ခေါ်လေမလားဆိုပြီး မျှော်လင့်မိနေသေးသည်...
တာရာ..မင်းကထွက်သွားသင့်တဲ့သူ...ခေတ်သစ်ပြန်လာခေါ်ဖို့မမျှော်လင့်ပါနဲ့ကွာ...ကားလေးတရွေ့ရွေ့နဲ့.စတင်ထွက်ခွာလာချိန်ထိ..ကိုခေတ်ရောက်လာလေမလားဆိုပြီးမျှော်လင့်မိသေးသည်..
၆လအတွင်း.ကိုခေတ်အပေါ်သံယောဇဥ်လေးတွယ်မိသွားပြီးပဲ..တကယ်ထွက်သွားရတော့လည်းနာကျင်ရတယ်ဗျာ......
ကားပြတင်းပေါက်မှန်ကနေမိုးဖွဲလေးတွေတစ်စက်စက် လာရိုက်သည်နှင့်အတူ တာရာလည်း.မျက်ရည်စက်လေးတိတ်တဆိတ်စီးကျလာခဲ့သည်...
ကျွန်တော်မငိုဖို့.ကြိုးစားပါသေးတယ် .......
". ဒယ်ဒီမနက်ဖြန်.တကယ်လိုက်တောင်းပေးမှာနော်..."
". ဒီညလိုက်သွားလို့မရဘူးလား..."" ခေတ်သစ်....မိုးအရမ်းချုပ်သွားမယ်...မရဘူး..မနက်ဖြန်ပဲ.."
". မာမီ...."
". ဖေကြီးပြောတဲ့အတိုင်းပဲ...."
" သားစိတ်ပူတာကို.မာမီတို့ကရက်စက်တယ် "
ချစ်ရသူပျောက်သွားသည်ကိုဘယ်လိုမျာစိတ်အေးနိုင်မလဲ..မိုးကုတ်ပြန်သွားတာမဟုတ်ခဲ့ရင်ရော....အား..စိတ်ပူလိုက်တာ...ခုလိုက်သွားရင်လဘ်း တာရာ့အိမ်ကိုမသိဘူး.....အိပ်လို့လည်းမပျော်တော့ပါဘူး...
ဆပ်ပြာသည်လင်ပျောက်သလို.လူးလိမ့်နေရင်းမနက်.၄နာရီထိုးလာခဲ့ပါတယ်...အိပ်မပျော်မယ့်အတူတူကုန်းထကာ မျက်နှာသစ်ရေချိုးပြိး သားသားနားနား.ဝတ်ဆင်ကာ.မနက်.၅နာရီလောက်မှာ..မိုးကုတ်သို့ချီတက်ခဲ့ကြသည်
မိဘတွေကလည်း...သားလေးအစောကြီးထတော့ အစောကြီးထကြရပြီး မိုးကုတ်ကို ခေတ်သစ်နှင့်အတူလိုက်သွားကြရသည်
أنت تقرأ
Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)
قصص عامةUltra-love **အစွန်းရောက် အချစ် " အချစ်တဲ့. .အချစ် ကျွန်တော့အတွက်ကအချစ်ဆိုတာဘာမှသုံးစားမရတဲ့ သုည ပါကွာ..............ရွက်ခတ်ကြွေ အချစ်မှာအရောင်အဆင်းအမျိုးမျိုးရှိပေမယ့် ကျွန်တော်ကအဖြူရောင် ချစ်ခြင်းကိုပဲ လက်ကိုင်မှီဝဲမယ့်သူပါ...ကျွန်တော်ချစ်တဲ့သူကအချ...