Part-7

1K 43 3
                                    

**Ultra-Love❤**

** အစွန်းရောက် အချစ်**

Part-7

ရေချိုးခန်းမှာအတွေးများစွာရှုပ်ထွေးနေတဲ့ကြားကသေချာတဲ့အတွေးတစ်ခုထွက်လာခဲ့တယ်.ရွက်ခတ်ရတုကို ဘယ်တော့မှထပ်ပီးလက်လွှတ်တော့မှာမဟုတ်ဘူး ဆိုတာကိုပေါ့ အတိတ်ကအရာတွေကိုခွင့်လွှတ်နိုင်ပီးလားဆိုတာ မသေချာပေမယ့် ထပ်ပြီးတော့.ရတုစိတ်ဆင်းရဲမှာကိုသူတွေးကြောက်နေမိတယ်

ရေမြန်မြန်.ချိုးပြီး ရေကန်ထဲမှာ.ရေပူနေနွေးစပ်ကာ သပတ် တစ်ထည်ကိုခါးမှာ ပတ်ရင်း အပြင်ထွက်လာခဲ့သည် ရင်အုပ်ကျယ်ကျယ် ကြွက်သားတွေနဲ့ ရေတစ်စက်လေးတွေက ဟိုတစ်စက် ဒီတစ်စက် သပတ် ကိုလည်းခါးမှာဖွဖွလေးပတ်ထားတဲ့ ရွက်ခတ်ကို ရတု ငေးကြည့်နေမိတာအမှန်

ညက သေချာတောင်မကြည့်လိုက်ရပါဘူး သူ့ခမျာသတိမေ့သွားရတယ်မလား....ငေးကြည့်နေတဲ့ရတုကို ရွက်ခတ် မပြောမဆိုနဲ့မချီကာ ရေချိုးခန်းထဲ.ချီသွားခဲ့သည်

"အာ့..ရွက်ခတ်....ဖြည်းဖြည်း..."

ကြင်သူလေးကနာသွားသည်ဖြစ်မယ်..နာတယ်ဆိုမှ ကိုယ်တောင်နွေးနေတယ် အဖျားရှိနေတာလား.

" မင်းဖျားနေတယ် ငြိမ်ငြိမ်နေ ငါရေချိုးပေးမယ်.."

ဘယ်လိုပဲ ချစ်သူပြောပြော..အနေတော့ရှိန်မိသည်.ရှက်တာလည်းတစ်မှုပေါ့.ကွဲသွားတာကြာပြီး ပြန်ဆုံတော့ ဒီအဆင့်တွေရောက်ကုန်တော့ ရတုမျက်နှာလေးပန်းရောင်သန်းလျက် ရှက်နေရှာသည်

" မင်းရှက်နေတာလား....."

ရွက်ခတ်ရဲ့တုံးတိတိအမေးတွေကြောင့် ရတုပို၍ပင်ရှက်နေမိသည်

" အင်း..မင်းဘယ်လို မေးနေတာလဲ...အဲ့လိုတွေမမေးနဲ့လေ..."

ရတုကိုရေချိုးပေးနေရင်း ရွက်ခတ် က ရတုမျက်နှာကိုနူးနူးညံ့ညံ့စိုက်ကြည့်နေပြန်တယ်

" ရွက်ခတ်..ငါ...ငါ့ကို..မင်းအဲ့လိုပဲအ်ိပ်မက်မက်နေကြလား..."

"ဟားးး....မဟုတ်ပါဘူးရတုရယ်...ညက.ဘယ်လိုဖြစ်သွားလဲ ငါလည်းမသိဘူး...."

ခုမှ ပြုံးလာတဲ့ရွက်ခတ်ကြောင့်ရတုနည်းနည်းအနေချောင်လာသည် ရေချိုးပြီး ရွက်ခတ်ကရတုလေးကိုပွေ့ချီကာ ရွက်ခတ်ရဲ့ပခုံးလေးကိုရတုတွဲခိုလျက်ရေချိုးခန်းနေထွက်လာခဲ့ကြသည်.

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Donde viven las historias. Descúbrelo ahora