Part-20(Uni+Zawgyi)

522 11 0
                                    

**Ultra-Love💙**

**အစွန်းရောက် အချစ်.**

Part-20

လက်လှမ်းမမိတဲ့အချစ်ကို ၆နှစ်ကြာအောင် ကျွန်တော်တစ်ဖတ်သတ်ချစ်ဖူးတယ်.
လက်လှမ်းမီတဲ့အချစ်နဲ့ဆုံပြန်တော့လည်း..လက်ကမ်းဖို့ ကျွန်​တော့်မှာအင်အားမရှိပြန်ဘူး....

ကျွန်တော်..အချစ်ဆိုတဲ့အရာနဲ့ဝေးနိုင်သမျှဝေးအောင်ထွက်သွားချင်တယ်...ကျွန်တော်...ကိုခေတ်သစ်ကိုချစ်မိနေပြီးထင်တယ်....

ကိုခေတ်အနားမှာ၆လ...နေပေးခဲ့တယ်..ကိုခေတ်လူကောင်းတစ်ယောက်ပြန်ဖြစ်လာပြီးမို့...ကျွန်တော်.ကျေနပ်ပါပြီး..ဒီနေ့ဆို.ဆေးရုံကနေ လွတ်လွတ်ကျွတ်ကျွတ်ဆင်းရသည့်အပြင် မူးယစ်ဆေးဆို..လုံးလုံးကင်းနေအောင် သူနေနိုင်ခဲ့ပြီး... ဒီလောက်ဆိုကျွန်တော့်အမလက်ထဲစိတ်ချလက်ချအပ်လို့ရပါပြီး....

" တာရာ... ဘာတွေတွေးနေတာလဲ..ကိုအဝေးကလှမ်းခေါ်နေတာတောင်မကြားဘူး..."

". မဟုတ်ပါဘူး..ကိုခေတ်..ဆရာဝန်နဲ့တွေ့ပြီးပြီးလား.."

" ပြီးပါပြီးဗျာ..ပြန်ကြရအောင်..."

" ပြန်ကြမယ်လေ...ကိုခေတ်..ဘယ်ကိုအရင်ပြန်မလဲ.."

" ရွက်ခတ်နဲ့ရတုဆီ.အရင်သွားချင်တယ်.."

".ကောင်းပြီး.သွားကြရအောင်လေ..."

အိုး..ပြုံးပျော်နေတာများကိုခေတ်ရယ်....အမြဲတမ်းပျော်နိုင်ပါစေ...ကျွန်တော်မရှိတော့ရင်တောင်မှပေါ့

". ကိုမောင်းမယ်..တာရာက.ေဘးကကနေ သက်တောင့်သက်သာပဲလိုက်လာခဲ့ပေးပါ"

" ကောင်းပါပြီး... ကိုခေတ်သဘောပါ..."

ကားလေးတရွေ့ရွေ့.ထွက်လာပြီးနောက်....တောင်ပေါ်မြို့ပေါ်ကပန်းခင်းလေးတွေလှမ်းမြင်လာသည့် အဝေးပြေးလမ်းမဘေးတစ်နေရာတွင်

ရှစ်ခနဲ....ခေတ်သစ်ကားရပ်လိုက်သည်

" ကိုခေတ် ဘာဖြစ်လို့လဲ စက်ရပ်သွားလို့လား.."

" မဟုတ်ပါဘူး....မပြန်တာကြာတဲ့ဒီမြို့လေးထဲကိုပြန်ဝင်ဖို့ ရင်ခုန်နေလို့ပါ..."

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Onde histórias criam vida. Descubra agora