**Ultra-Love❤**
** အစွန်းရောက်အချစ် **
Part-4
တရွေ့ရွေ့လည်နေတဲ့ဘီးနဲ့အတူ Express ကားလေးဟာ တောင်ပေါ်မြို့လေးသို့ဆိုက်ရောက်ဖို့အချိန်နီးလာခဲ့လေသည်..ကားပေါ်က ဆယ်ကျော်သက်အချစ်ငှက်နှစ်ကောင်ဟာလည်း တစ်ယောက်ပခုံးပေါ်တစ်ယောက်အမှီပြုကာ လှမ်းမြင်နေရတဲ့ ပန်းခင်းတောကြီးကို လက်ညှိုးတစ်ထိုးထိုးဖြင့် ပျော်ရွှင်စွာလိုက်ပါလာခဲ့ကြသည်
ကား driver ရဲ့ ဘရိတ်နင်းအသံနှင့်အတူ ကားရပ်သွားတော့ နှစ်ယောက်သားလက်တွဲကာ ကားပေါ်ကနေအတူဆင်းလာခဲ့ကြသည် မထင်မှတ်ထားသည့်လူတစ်ယောက်က isuzu ခေါ်နောက်ဆုံးပေါ်ကားကြီးနှင့်အတူ ရတုတို့ကိုရပ်စောင့်နေ၏ ( isuzu 1997 model အနက်ရောင်)
ရတုလည်းထိုသူကိုမြင်သည်နှင့် တွန့်ခနဲအသားလေးတုန်တက်ကာ ကြက်သီးအဖြိန်းဖြိန်းထရင်း ရွက်ခတ်ရဲ့လက်လေးကိုတင်းတင်းလေးဆုပ်ကိုင်မိသွားသည်
ကြောင်အံ့သွားတဲ့ရွက်ခတ်ကတော့ နားမလည်စွာနဲ့ရတုကိုစိုက်ကြည့်နမိသည်" ရတု..ဘာဖြစ်လို့လဲ..အဆင်ပြေလား...ဘယ်နေရာနေမကောင်းဖြစ်လို့လဲ."
ရတုလည်းစိတ်ကိုလျော့ကာ ပြုံးပြပြီးရွက်ခတ်ကိုဘာမဖြစ်ကြောင်းပြန်ပြောလာသည်
" ရတယ် ရွက်ခတ်ငါဘာမဖြစ်ဘူး.ဟိုမှာ ငါ့အကိုကြီး "
" ဘယ်မှာလဲ..မင်းမှာအကိုကြီးရှိတာလားငါ့ကိုတစ်ခါမပြောပြဘူး "
" အင်းသူ့နာမည်ကခေတ်သစ်တဲ့.. ငါ့ထက်.၅နှစ်ကြီးတယ်ငါ့ကိုမမွေးခင်.မေမေက ကလေးရနိုင်ချေနည်းလို့ဆိုပြီး အငှားကိုယ်ဝန်မွေးထားတာ.မဖေတူမအေကွဲ ဒါပေမယ့် သူ့ကိုမာမီသားလို့ပဲ သန်ခေါင်စားရင်းထည့်ထားတယ် ပီးတော့မာမီကသူ့ကိုသားအရင်းလိုပဲဆက်ဆံတယ် ငါကလည်းသူ့ကိုအကိုရင်းလိုပဲသတ်မှတ်ထားတယ် "
" အာ့ဆိုဘာလို့ခုနကလန့်သွားတာလဲ...မင်းတို့နှစ်ယောက်အဆင်မပြေကြဘူးလား."
" ပြေပါတယ် သူ့ကိုငါကရှိန်နေလို့ပါ...ထားပါတော့ လာခဲ့ငါမိတ်ဆက်ပေးမယ် "
" အင်းအင်း.."
နှစ်ယောက်သားတွဲထားတဲ့လက်တွေကိုဖြုတ်ချပြီး ကားနားက ခေတ်သစ်ဆီကို လျှောက်လာခဲ့ကြသည်
ခေတ်သစ်လည်းစကားတစ်ခွန်းမဆိုပဲ ရွက်ခတ်ကို အကဲခတ်စိုက်ကြည့်နေ၏
YOU ARE READING
Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)
General FictionUltra-love **အစွန်းရောက် အချစ် " အချစ်တဲ့. .အချစ် ကျွန်တော့အတွက်ကအချစ်ဆိုတာဘာမှသုံးစားမရတဲ့ သုည ပါကွာ..............ရွက်ခတ်ကြွေ အချစ်မှာအရောင်အဆင်းအမျိုးမျိုးရှိပေမယ့် ကျွန်တော်ကအဖြူရောင် ချစ်ခြင်းကိုပဲ လက်ကိုင်မှီဝဲမယ့်သူပါ...ကျွန်တော်ချစ်တဲ့သူကအချ...