** Ultra-Love❤**
** အစွန်းရောက်အချစ် **
Part-5
အတိတ်တစ်ချို့ကိုစဥ်းစားမိရင်း... အသက်ရှူကြပ်လာသဖြင့်ဆောင်ထားသည့်.ဆေးဘူးကိုထုတ်ကာဆေးတစ်လုံးကိုအလျင်အမြန်မျိုချလိုက်ရသည်
ဒါက ဆယ်ကျော်သက်အရွယ်ကရလာခဲ့တဲ့စိတ်ဒဏ်ရာကြောင့်..စိတ်ကျရောဂါအကြီးအကျယ်ရခဲ့ပြီး စိတ်ငြိမ်ဆေးကို အမြဲဆောင်ထားခဲ့ရသည်အသက်ရှူလေကျင့်ခန်းလုပ်ကာ စိတ်ကိုပြန်ထိန်းပြီး စက်ဘီးလေးကိုယူကာ စံအိမ်ကြီးကိုပြန်လာခဲ့လိုက်သည်..ဒီနေ့က ကျွန်တော့်ရဲ့ ၂၅နှစ်ပြည့်မွေးနေ့လေ လွန်ခဲ့တဲ့၁၃နှစ် ကျွန်တော် ၁၂နှစ်ပြည့်မွေးနေ့မှာပင် ရွက်ခတ်တ်ို့ခြံကိုလမ်းမှားရောက်ခဲ့တာ တစ်ရက်မှမမေ့ခဲ့ပါဘူးရွက်ခတ်ရယ်
စိတ်ကျရောဂါရသွားတဲ့ကျွန်တော့် ကို မိသားစုက အရေးပေးလာကြတယ်.ကျွန်တော်ဖြစ်ချင်တာငျွန်တော်သွားချင်တာတွေအကုန်လိုက်လျောလာကြတယ် ခုဆို ကျွန်တော်ဆရာဝန်တစ်ယောက်ဖြစ်နေပါပီး ခွဲစိတ်ဆရာဝန်ကိုတော့လက်လွတ်ခဲ့ရပြီး ရိုးရိုးသမားတော်ဆရာဝန်အဖြစ်ရပ်တည်နေခဲ့ရသည်
ဒီနှစ်မွေးနေ့ကို ဒီမှာကျင်းပဖြစ်တာက ကျွန်တော် ဒီမြို့လေးရဲ့ မြို့နယ်ဆေးရုံမှာတာဝန်ရွှေ့ပြောင်းခွင့်ကျလာလို့ပါ.ကျွန်တော်အိပ်မက်ထဲကတစ်ခုပဲမလား မထင်မှတ်ထားတာက သူအသက်ရှင်နေတယ်ဆိုတာသိလိုက်ရတာပဲ ကျွန်တော်သူနဲ့ထပ်ဆုံချင်သေးတယ်. ဘယ်လိုအကြောင်း ကြောင့်သူနဲ့လွဲခဲ့ရမှန်းမသိပေမယ့် ဒီတစ်ကြိမ်တော့ ကျွန်ေတာ်လက်လွတ်မခံနိုင်တော့ပေ
" သားဘယ်တွေရောက်သွားတာလဲ အခန်းထဲြကည့်တော့ သားမရှိတော့လို့မာမီတို့ကခုပဲလိုက်ရှာမလို့လေ.."
" စိတ်ချပါမာမိီသားဆေးလည်းယူသွားပါတယ်..တောင်ထိပ်နားကချယ်ရီပင်အောက်ကိုခနသွားလည်တာပါ."
ကျွန်တော့်စကားဆုံးတာနှင့် မာမီနှင့်ဒယ်ဒီ့မျက်နှာညှိုးနွမ်းကာစိတ်မကောင်းရောင်သန်းသွားကြသည်
" ဘာဖြစ်လို့လဲ.မာမီ...မျက်နှာတွေမကောင်းကြပါလား "
" သားရယ်...မာမီတို့တောင်းပန်ပါတယ်..."
ESTÁS LEYENDO
Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)
Ficción GeneralUltra-love **အစွန်းရောက် အချစ် " အချစ်တဲ့. .အချစ် ကျွန်တော့အတွက်ကအချစ်ဆိုတာဘာမှသုံးစားမရတဲ့ သုည ပါကွာ..............ရွက်ခတ်ကြွေ အချစ်မှာအရောင်အဆင်းအမျိုးမျိုးရှိပေမယ့် ကျွန်တော်ကအဖြူရောင် ချစ်ခြင်းကိုပဲ လက်ကိုင်မှီဝဲမယ့်သူပါ...ကျွန်တော်ချစ်တဲ့သူကအချ...