AN- ကိုယ်ပြန်လာပါပြီ ဟီး။ အနံက နှစ်ရက်အတွင်းပြန်ရလာပြီး အဖျားလည်းကျသွားပါပြီ အိမ်မှာပဲ ကွာရာတင်းတော့၀င်တုန်းပါ။ အရင်လို ficတွေပြန်upပေးပါ့မယ်။ cmတွေရော၊Message boxတွေရော၊wallပေါ်က conversation ထိ လာပြီးနေကောင်းပါစေ
ဆုတောင်းပေးတ့ဲ သဲသဲတို့အားလုံးကျေးဇူးပါ။အားလုံးလည်း ဂရုစိုက်ပါ။bonnieဆို
Clientနဲ့အလုပ်ကိစ္စခနသွားတွေ့ပြီး ပြန်လာတာနဲ့ တန်းဖျားတော့တာပဲ။အဲဒါကြောင့် အပြင်ကို တတ်နိုင်သလောက် မထွက်ပါနဲ့ရှင့်။================================
" Stressပိသွားလို့ အစာအိမ်ရောင်ချင်နေတာပါ။တစ်ခြားဘာပြဿနာမှမရှိဘူး။အခုဆေးလည်း သွင်းပြီးပြီဆိုတော့ သောက်ဆေးကောင်တာမှာထုတ်ပြီး အိမ်မှာသေချာပြန်နားရင် အဆင်ပြေသွားမှာပါ မဒမ်"
" ကျွန်မလည်း အသက်ရလာလို့ထင်ပါရဲ့"
ီ "အို..မဒမ်က ဒီလောက်နုပျိုတ့ဲဟာ"
" ဒါဆို ခွင့်ပြုပါဦး"
တာ၀န်ကျ ဆရာ၀န်မလေးကို နှုတ်ဆက်ပြီး
လှဲလျောင်းနေတ့ဲ ကုတင်ပေါ်ကထလာလိုက်သည်။အနားမှာ အသင့်လာတွဲတ့ဲ ဒရိုက်ဘာကို အမှီပြုပြီး ဆေးရုံခန်းထဲကထွက်လာလိုက်သည်။ အပြင်ကောင်တာရှေ့ရောက်တော့ ဆေးထုတ်၊ငွေရှင်းပြီး အနားကဒရိုက်ဘာဘက် လှည့်ကာ....." ကျွန်မဒီမှာပဲထိုင်စောင့်နေလိုက်မယ်
ကားသွားထုတ်ပြီး ပေါ်တီအောက်ကို
မောင်းလာလိုက်ပါ။ကားပါကင်ထိ လမ်းမလျောက်ချင်တော့လို့""ဟုတ်က့ဲ မဒမ်"
ဒရိုက်ဘာထွက်သွားတာနဲ့ လျောက်လှမ်းဘေးနားက ခုံတန်းလေးတစ်ခုမှာ ထိုင်လိုက်သည်။
" EMERGENCY ! ဘေးဖယ်ကြပါ"
"EMERGENCY !!"
ရုတ်ရုတ်သဲသဲနဲ့ အော်ဟစ်ပြီး ဆေးရုံကားပေါ်ကနေတစ်ဆင့် ၀င်ပေါက်ကိုဖြတ်ပြီး
အရှိန်နဲ့တွန်းလာတ့ဲ ကုတင်ရဲ့ဘီလုံးအသံ
တစ်ကျွီကျွီမြည်နေသည်။ရွေ့လျားနေတ့ဲကုတင်ပေါ်မှာ ဒူးထောက်ထိုင်ပြီး လိုက်ပါလာတ့ဲ ဆရာ၀န်လေးက လူနာရင်ဘက်ကို အကြိမ်ပေါင်းများစွာနှိပ်ချနေပြီး
ထိုဆရာ၀န်လေးရဲ့ ဂျူတီကုတ်အဖြူရှေ့တစ်ခြမ်းလုံးကလည်း လူနာရဲ့သွေးတွေ ရွှဲနစ်နေခ့ဲသည်။
![](https://img.wattpad.com/cover/190922683-288-k644106.jpg)
YOU ARE READING
My 10months'LOVE(Completed)
FanfictionHyungဟာ ဂျယ်ယွန်းလိုချင်မက်မောမိသော လမ်းပျောက်နေတ့ဲ အထီးကျန်ကြယ်လေးပါပဲ။ Enhypen fanfiction ---------------------------------------------------------- Hyungဟာ ဂျယ်ယွန်းလိုချင်မက်မောမိသော လမ်းပျောက်နေတဲ့ အထီးကျန်ကြယ်လေးပါပဲ။ Enhypen fanfiction ...