ဟန်ဂန်မင်း လက်ထဲက၀ီစကီခွက်ကို ခပ်ပြင်းပြင်း စားပွဲအပေါ်ဆောင့်ချလိုက်သည်.....။
ငါဘာလုပ်နေလဲဆိုတာ ငါသိတယ်တ့ဲ......
ဟုတ်လားးးးအမြင့်ရောက်သွားတော့ ဒီအစ်ကိုကို အမှိုက်သာသာဆက်ဆံပြီပေါ့ ဟန်ဂျူရီ......။
မခံချင်စိတ်က ဦးနှောက်ထဲကနေစပြီး သွေးကြောထဲတွေအထိ ပြန့်၀င်စီးဆင်းနေသည်။
ဟန်ဂျူရီဆိုတာ ဘယ်လိုမိန်းမမျိုးမို့လို့လဲ
သူသာမကိုင်တွယ်ခ့ဲရင် တစ်အိမ်လုံးမြောင်းထဲရောက်ပြီး သူမဘ၀က ကလပ်ထဲမှာတစ်သက်လုံး ပြည့်တန်ဆာသာသာဖြစ်သွားခ့ဲမှာ။အ့ဲကျရင် သူအခု ဥက္ကဌ နေရာပေးထားတ့ဲ
သူ့ရည်းစားဟောင်း ဟိုကောင်ကလည်း
သူ့ကိုလက်ခံမယ်ထင်နေသလား။ဟက်....အသက်အာမခံလေး အနည်းအကျဥ်းနဲ့ အကြွေးတွေ သန်းနဲ့ချီတစ်ပုံတစ်ပင်နဲ့
ထားခ့ဲပြီး အဖေသက်သေသွားတုန်းက တစ်မိသားစုလုံးကို မြောင်းထဲမရောက်အောင်
သူကိုယ်တိုင်ပဲ နည်းလမ်းကျကျ ဆွဲထုတ်ကယ်တင်ပေးခ့ဲတာပါ.....။ဒါကို ဘာတ့ဲ....အစ်ကို နင့်အကြံတွေက
အဆင့်မရှိဘူး။ဒီကိစ္စက နင်နဲ့မဆိုင်ဘူး
ငါပေးတ့ဲပိုက်ဆံတွေနဲ့သာ လွတ်ရာကျွတ်ရာမှာ သွားဖြုန်းနေလိုက်စမ်းပါတ့ဲ....ဒီတစ်ခါ သူမစကားေတွက အရမ်းလူပါး၀လွန်းအားကြီးသွားပြီ.......။
"ကုမ္မဏီမှာ ငါ့ကို နေရာတစ်နေရာတောင်
မပေးပဲ ဟိုကောင့်ကိုကျ ဆွဲခေါ်သွားတယ်ပေါ့....။ ဟန်ဂျူရီ....ညီမလေး နင့်ကို ဒီအစ်ကို သေသေချာချာ ဆုံးမပေးဖို့တော့ လိုနေပြီ"ဘေးနားက ဖုန်းကိုယူကာ နံပါတ်တစ်ခုဆီ
ချက်ချင်း ခေါ်ဆိုလိုက်သည်။" အေ....ငါပဲ။ ဒီတစ်ရက်နှစ်ရက်အတွင်း
အဘိုးကြီးကို သွားခေါ်ထုတ်မယ်။ နေရာငါ
သိတယ်။ လူနဲ့ကျန်တာ မင်းတို့အကုန် စီစဥ်ပေးဖို့ပဲ......။ သူဌေးကတော်လေးကို ငါ သေသေချာချာ အရင်လိုပြန်ကိုင်တွယ်ပေးရတော့မယ်....... ">>>>>>>>>>>>>>>>>>>
အချိန်တွေဟာ နေ့ဘက်လေးဖြစ်သွားလိုက် ညဘက်လေးဖြစ်သွားလိုက်နဲ့ စနစ်တကျ
ကုန်ဆုံးနေခ့ဲတယ်။ ဂျယ်ယွန်းပြန်ရောက်လာပြီး နောက်တစ်ရက်အထိ သူတို့နှစ်ဦး ဘယ်မှမသွားပဲ တိုက်ခန်းလေးမှာပဲ အတူရှိနေခ့ဲတယ်။ ဒါပေမယ့် ဆောင်းဟွန်ရဲ့ အပြုအမူတွေက အသံတိတ်နေတ့ဲ သစ်ပင်လို အေးစက်နေခ့ဲပြန်တယ်။
![](https://img.wattpad.com/cover/190922683-288-k644106.jpg)
YOU ARE READING
My 10months'LOVE(Completed)
FanfictionHyungဟာ ဂျယ်ယွန်းလိုချင်မက်မောမိသော လမ်းပျောက်နေတ့ဲ အထီးကျန်ကြယ်လေးပါပဲ။ Enhypen fanfiction ---------------------------------------------------------- Hyungဟာ ဂျယ်ယွန်းလိုချင်မက်မောမိသော လမ်းပျောက်နေတဲ့ အထီးကျန်ကြယ်လေးပါပဲ။ Enhypen fanfiction ...