Chapter14

1.8K 277 26
                                    


" တို့မင်းပြောသလို အရူးလိုလုပ်နေတာတွေ မရပ်နိုင်ဘူး။"

"ဟမ်...,,"

သူမရဲ့ အစအဆုံးမရှိတ့ဲစကားကြောင့်
ဆောင်းဟွန် အနည်းငယ်ကြောင်အသွားသည်။

" မင်းနေ့လည်ကပြောခ့ဲသလို တို့မလုပ်နိုင်ဘူးလို့.....။ အရာအားလုံးတို့ဖြစ်ချင်သလို ဖြစ်လာတယ်လို့များ မင်းထင်နေတာလား။ တို့အခုချိန်အထိ ရွေးချယ်စရာမရှိပဲ လမ်းပျောက်နေတုန်းပဲ။ မင်းဘာသိလဲ ...မင်းကချစ်ဖို့ပဲသိတာ အမြဲတမ်းအေးတိအေးစက်နဲ့ အဆင်ပြေရဲ့လားတစ်ခွန်း မေးပြီးတာနဲ့ တာ၀န်ကျေပြီလို့ထင်နေတာလေ....။ "

သူမမျက်နှာတစ်ခုလုံး မျက်ရည်တွေစိုရွှဲနေခ့ဲတယ်...။ဆောင်းဟွန် အခုအခြေအနေကို
အတော်လေးစိတ်ပျက်မိစွာပဲ.....။

" အ့ဲတော့ မင်းကငါ့အဖေနဲ့ဖောက်ပြန်လိုက်တယ်ပေါ့။"

ဆောင်းဟွန် နာကျင်ရခြင်းအကြောင်းတရားကို အစဖော်မိတယ်။သူမနှုတ်ခမ်းက ထွက်ကျလာတ့ဲ စကားတွေက အရင်ကလိုမြတ်နိုးဖွယ်ရာမရှိပဲ တောင်စဥ်ရည်မတ့ဲ အရာတွေပဲ။သူမအပေါ် အေးစက်တယ်လို့ စွတ်စွဲတာကတော့ သူမကတစ်ကယ်သနားစရာပဲ
နွေးထွေးတ့ဲ နှလုံးသားကို သူမမခံစားနိုင်ခ့ဲရှာတ့ဲအထိ သူမက အမြဲတ‌ေစ ပူလောင်နေခ့ဲတာပဲ....။

" ဘယ်သူကဖောက်ပြန်တာလဲ....။တို့က နစ်နာသူပါ.....။ မင်းနဲ့တွဲနေတုန်း တို့အိမ်စီးပွားရေးကျပြီး တို့အစ်ကိုက တို့ကိုကလပ်မှာ ရောင်းစားသွားတာကို မင်းသိလား!!!"

ဆောင်းဟွန်မျက်နှာဟာ ရုတ်ချည်းပဲ သွေးမရှိတော့သလိုဖြူဖြော့သွားလေရဲ့...။ သူမက
ဆောင်းဟွန်ရဲ့ပုံကိုကြည့်ပြီး ဟက်ခနဲတစ်ချက်ရယ်ကာ.....

" အစ်ကိုကြီး.....မင်းအဖေက သိပ်လူပါး၀တ့ဲ
လူ..........။ တို့ကို မင်းရည်းစားဆိုတာသိရဲ့နဲ့ တစ်ညတာလာပျော်ပါးပြီး မနက်ကျတော့ မင်းနဲ့မပတ်သတ်ပါနဲ့တ့ဲ...။ တို့က ဘာမှမပြောလိုက်ပါဘူး အ့ဲအချိန်တုန်းက တို့ကမ္ဘာကြီးကပြိုလဲနေတာလေ မင်းကတော့ သိမယ်မထင်ပါဘူး။"

" တော်တော့ ဟန်ဂျူရီ။ ငါထပ်မကြားရပါစေနဲ့"

ဒီထပ်ပိုပြီး ဆောင်းဟွန်မကြားချင်တော့ဘူး။ထပ်တလဲလဲ အဖေ့ကိုနာကျည်းရလွန်းလို့
ဘာကိုမှမခံစားနိုင်အောင်ဖြစ်နေရတယ်။

My 10months'LOVE(Completed)Tahanan ng mga kuwento. Tumuklas ngayon