အချိန်တွေကြာလာတာနဲ့အမျှ ဆောင်းဟွန်ရဲ့
အနားမှာ ဂျယ်ယွန်းရှိနေတ့ဲအချိန်တွေများလာတယ်။ တစ်လကျော်အတောအတွင်းမှာ စနေ တနင်္ဂနွေပိတ်ရက်တွေဆိုဂျယ်ယွန်းက ဆောင်းဟွန်ရဲ့တိုက်ခန်းကိုရောက်နေတတ်သလို ကျောင်းဖွင့်ရက်တွေမှာဂျယ်ယွန်းရဲ့ အဆောင်အထိ အတူလမ်းလျောက်ပြန်နေကြဖြစ်သည်။ကျန်တ့ဲအချိန်တွေမှာတော့ ဂျယ်ယွန်းဘက်က ဆောင်းဟွန်ရဲ့အသံလေးကြားချင်လို့ပါဆိုပြီး ဖုန်တွေခနခနဆက်။
အတန်းအားတ့ဲအချိန်တွေမှာ တွေချင်လို့ပါဆိုပြီး ခနခနပူဆာ။
ဆောင်းဟွန်ဆီမှာ အိပ်ဆေးတွေရှိနေတာတွေ့ပြန်တော့ ဆောင်းဟွန်အိပ်ပျော်အောင် အိပ်ခါနီးနားထောင်ဖို့ အချစ် အလွမ်းကဗျာလေးတွေ ကိုယ်တိုင်ရွတ်ထားတာ recordingသွင်းပြီး အသံဖိုင်တွေပို့။
မိုးတွင်းရောက်နေတာတောင် ထီးမယူတ့ဲ
ဆောင်းဟွန်ကို ဆူပူကာထီးမိုးပေး။ဆောင်းဟွန် အစာပြေစားဖို့ ချောကလက်ကွတ်ကီးလေးတွေကိုယ်တိုင်ဖုတ်ပြီး တစ်ပတ်တစ်ခါပေးရ။
ဆောင်းဟွန်က ငြင်းပယ်ပြန်တော့ တစ်ယောက်တည်းစိတ်တွေဆိုးရပြန်သည်။နည်းနည်းမှ စိတ်ဆိုးကြောင်းမရိပ်မိတ့ဲ
ဆောင်းဟွန်ကြောင့် မနေနိုင်တ့ဲ ဂျယ်ယွန်းဟာ သူ့ဘာသူ ပြန်ပြီးစိတ်ကောက်ပြေရပြန်တယ်။အ့ဲလိုနဲ့ ဆောင်းဟွန်ဘေးမှာရောက်လာတ့ဲ ရှင်းဂျယ်ယွန်းဟာ တစ်ယောက်တည်း
အလုပ်ရှုတ်ဆူညံနေခ့ဲတယ်။စတွေ့ကတည်းက စကားနည်းတ့ဲ ဆောင်းဟွန်က ဂျယ်ယွန်းရဲ့ စေတနာကို အမြဲငြင်းပယ်တတ်သလို အပြုံးအရယ်လည်း ရှားပါးလွန်းသည်။ " Hyung ကျွန်တော့်လို အမြဲပြုံးပြီးနေပါလား။ ကျွန်တော့်လို ချောမောလှပမလာတောင် Hyung ပြုံးလိုက်ရင် နည်းနည်းတော့
ပိုကြည့်ကောင်းသွားမယ် သိရဲ့လား"ရှုတည်တည်နဲ့ ဆောင်းဟွန်က
" ချစ်စရာမကောင်းတ့ဲ ခွေးပေါက်တွေကသာ
အမြဲပြုံးတာ..."အ့ဲလို မာနကြီးပြီး မထင်ရင်မထင်သလို ဆက်ဆက်ကြဲပြန်ပြောတတ်သေးသည်။
![](https://img.wattpad.com/cover/190922683-288-k644106.jpg)
YOU ARE READING
My 10months'LOVE(Completed)
FanfictionHyungဟာ ဂျယ်ယွန်းလိုချင်မက်မောမိသော လမ်းပျောက်နေတ့ဲ အထီးကျန်ကြယ်လေးပါပဲ။ Enhypen fanfiction ---------------------------------------------------------- Hyungဟာ ဂျယ်ယွန်းလိုချင်မက်မောမိသော လမ်းပျောက်နေတဲ့ အထီးကျန်ကြယ်လေးပါပဲ။ Enhypen fanfiction ...