Chapter 16

2K 319 52
                                    

AN-wall ထဲမှာ long and Hard ဆိုတ့ဲ
Sungjake fic တစ်ပုဒ်တင်ထားပါတယ်။ မနေ့က ဒီficက update publish လုပ်လို့
မရလို့ ဟိုဘက်မှာသွားဖတ်လို့ရအောင်တင်ပေးတာပါ။ တော်တော်များများလာဖတ်ကြတာတွေ့ရပေမယ့် မသိသေးတ့ဲ လူတွေကို ရှဲပေးတာပါ။ တစ်ပုဒ်တောင်မပြီးသေးပဲအသစ်တင်တာမျိုး ဟုတ်ပါဘူး။ long and hard က အစအဆုံး ပြီးခ့ဲတ့ဲ လထဲကရေးထားတာပါ။ Engene တွေသာမကပဲ
အပြင်လူတွေပါ ၀င်ဖတ်ကြလို့ထင်ပါတယ် ၃ပိုင်းနဲ့တင် ဒီficကို voteမှီတော့မယ်။ အဲဒါကြောင့် ဒီficလေးကို ဖတ်ပြီးရင် voteလေးနှိပ်ပေးပါဦးနော်။ vote အနည်းဆုံး ficလေးဖြစ်နေလို့ အရင်ကမတောင်းဖူးပါဘူး ခုတော့တောင်းမယ် (¬▂¬) (┳◇┳)

Bonnie

>>>>>>>>>>>>>>>>>>>>>>>>>>>

အချိန်အားဖြင့် ည၁၀နာရီကျော်ပြီ။ ဂျယ်ယွန်း မအိပ်သေးပဲ ရှေ့ကကွန်ပြူတာထဲမှာ
ငုတ်တုတ်ထိုင်နေတ့ဲ ကင်ဆောနူကို တွေတွေကြီး ထိုင်ကြည့်နေမိတယ်။ video callခေါ်ပြီး ဘာမှမပြောတ့ဲ ကျေးဇူးရှင်ကြောင့်
ဆောနူဘက်က စိတ်ရှည်လက်ရှည်ထားပြီး....

"ဘာဖြစ်နေတာလဲ ပြော....။ လုပ်ပါ
ရင်ဖွင့်လိုက်စမ်းပါဟ.....။ငါတစ်ယောက်လုံးရှိပါတယ်"

ဘာမှ ပြန်ပြောမလာတ့ဲ ရှင်းဂျယ်ယွန်းဟာ
သူ့လက်ညှိူးလေးနဲ့ သူ့နှာခေါင်းကို ကုတ်နေတယ်။သူ့မျက်၀န်းတွေထဲမှာတော့ တစ်ခုခုကို
အပြင်းအထန်ပြေးလွှား စဥ်းစားနေပုံရပြီးမှ ...

"သူက တစ်ကယ်တော့ ငါပိုင်ဆိုင်ခွင့်ရှိ
ပါ့မလား မသေချာတ့ဲလူပေါ့......။
သူနဲ့ပတ်သတ်လာရင် အခုတလော အရင်ကလို မဟုတ်‌ေတာ့ဘူး.....။"

" သူဆိုတာ မင်းရဲ့Hyungမှ ဟုတ်ပါလေစ..."

ဒဲ့မေးလိုက်တော့မှ ရှင်းဂျယ်ယွန်းက အိုးတိုးအန်းတန်းကြည့်လာသည်။

" အင်း.....အဲ သိတာလား"

"သိတာပေါ့ဟ။ ပြောပါဦး....အရင်ကလို ဘယ်လိုမဟုတ်တော့တာလဲ"

" အာ......ဘယ်လိုပြောရမလဲ....အရင်ကဆို
Hyungအနားမှာနေရရင်ကို အဆင်ပြေပြီလို့ထင်တာ။ဒီတိုင်း.....သူ့ရင်ထဲမှာ တစ်ယောက်ယောက်ရှိနေရင်တောင် လူက ကိုယ်နဲ့အတူရှိနေရင် ပြည့်စုံပြီထင်ခ့ဲတာ။ဒါပေမယ့်....နောက်ပိုင်းကျတော့ အ့ဲလိုမဟုတ်တော့ဘူး ထင်တယ်......။ Hyung ရင်ထဲမှာ
အ့ဲအမျိုးသမီးကို မေ့သွားရင်ကောင်းမယ်လို့
တွေးမိလာတယ်။ နောက်တော့....အစားထိုးလည်း မဖြစ်ချင်တော့ဘူး။ အမှန်တိုင်းပြောရရင် ဒီနေ့ ....သူတို့နှစ်ယောက်ကို အတူတွေ့ရတော့ ရှေ့တိုးဖို့ သတ္တိမရှိသလိုခံစားလာရတယ်။ တိတိကျကျပြောရရင် ဘာတွေလုပ်ခ့ဲမိမှန်းတောင် မသိပဲ နောက်ဆုတ်ပြေးလာ ခ့ဲတယ်ထင်တယ်"

My 10months'LOVE(Completed)Where stories live. Discover now