Chapter11

2.2K 295 33
                                    

နောက်တစ်နေ့ညနေဘက် အတန်းပြီးတော့
ဂျယ်ယွန်း Hyungရှိရာ RCဘက်ကိုလိုက်သွားမိတယ်။

လမ်းမှာ လှမ်းနှုတ်ဆက်တ့ဲ မျက်မှန်းတန်းမိရုံမှျ တစ်ချို့တစ်လေကို ပြန်ပြီးပြုံးပြမိပေမယ့် ဂျယ်ယွန်းစိတ်တွေက ဟိုအုပ်စုနဲ့ စာတမ်းရေးနေတ့ဲ Hyungဆီသာရောက်နေသည်။

Hyungကို သူတို့နဲ့အတူတွဲမလုပ်စေချင်
ပေမယ့်Hyungပြောတာက seminar ဖတ်ဖို့အချိန်တစ်ပတ်ပဲရတာကြောင့် gp member ချိန်းချင်ရင် group သတ် မှတ်ပြီး နောက်တစ်ရက်အထိပဲ ‌ေနာက်ဆုံးထားပြီး လာပြောရတာတ့ဲ....။ Hyungရော ဂျယ်ယွန်းပါမနေ့က ကျောင်းမသွားတာကြောင့် လူပြောင်းလို့ မရတော့ဘူး။

Hyungကို စိတ်မချဘူး အထူးသဖြင့် ဟိုတစ်ယောက်ပြောသမျှကို Hyungက တိတ်တိတ်လေးပဲ တုံ့ပြန်ပြီးမာကျောချင်ယောင်ဆောင်တတ်တာကိုပဲ။ အရင်တုန်းကလိုနောက်ကျော
ကပ်ထိုးလာမယ့်ဓားတွေအတွက် Hyungမျက်လုံးလေးတွေက အေးစက်ပြီး စိုးရိမ်နေတုန်းပဲ.......။

RC အ၀င်အ၀မှာ ရပ်နေတ့ဲ ဂျယ်ယွန်းကိုတွေ့တော့Hyungက အရင်ကလိုအေးစက်စက်မဟုတ်ပဲ ရယ်ပြလာတယ်....။ ဂျယ်ယွန်း Hyungရဲ့ အနားကို သွားထိုင်လိုက်တော့....." အတန်းပြီးအောင်တက်ခ့ဲတာလား ဂျယ်ယွန်းနီး" တ့ဲ။

ဂျယ်ယွန်းက " Omm...အတန်းချိန်အကုန်ပြည့်အောင်တက်ခ့ဲတယ်" လို့ပြောတော့ Hyungက ခေါင်းညှိပ်လာတယ်။

ဂျယ်ယွန်းတို့ မျက်နှာချင်းမှာထိုင်နေတ့ဲ ယန်းဂျောင်၀န်းဆိုတ့ဲ စီနီယာက ပြုံးပြီးကြည့်နေရင်း....။

" ညနေ လေးနာရီတောင်ခွဲပြီ ဆောင်းဟွန် ပြန်ရင်ပြန်လိုက်တော့လေ ဆောင်းဟွန်က ပါ၀ါပွိုင့်လုပ်ပေးမယ့်လူဆိုတော့ ကျန်တာ ငါတို့ပဲလုပ်လိုက်မယ်။ပြီးမှEmail ပို့လိုက်မယ် အ့ဲတော့မှ ဖတ်လိုက်ပေါ့"

" အ့ဲလိုရလား.....အ့ဲတာဆို ငါပြန်နှင့်မယ်"

Hyungအပြောလေးကြောင့် ဂျယ်ယွန်းပျော်သွားသည်။ တစ်နေကုန် အတန်းတက်ထားတာကြောင့်ဗိုက်ဆာနေပြီဖြစ်သည်။

My 10months'LOVE(Completed)Where stories live. Discover now