𝐸𝑝𝑖 - 1

37.4K 2.1K 86
                                    

Unicode

ယနေ့ ရာသီဥတု သာယာသည်။ ပြာလဲ့သော ကောင်ကင်ကြီးတွင် မိုးသားများကင်းစင်နေသည်။ အသူရိန်နေမင်းကြီးသည် ပူပြင်းခြောက်သွေ့မှု့ကို အပြည့်အဝ ပေးနေသော နေ့တစ်နေ့။

မြေပြန့်မဟုတ်ပါပဲ မို့မောက်နေသည့် တောင်ကုန်းလေးပေါ်တွင် တည်ရှိနေသော ခြံအကျယ်ကြီးနှင့် အိမ်တစ်လုံး။ ခြံစည်းရိုးလေးတွေနှင့် ကာရန်ထားသည်မို့ အိမ်ကလေးသည် ချစ်စရာ။

ခြံစည်းရိုးဘေးတွင်တော့ ပန်းပေါင်းစုံလေးတွေ
စိုက်ပျိူးထားသည်မို့ ထိုပန်းတွေကို စုပ်ယူသည့်
ပျား ၊ ပိတုံးနှင့် လိပ်ပြာလေးတွေသည်လည်း အမြဲ ဝဲပျံနေတတ်သည်။

စိမ်းစိုကာ အေးချမ်းသာယာနေသော ထိုခြံကလေးအတွင်းတွင် အင်္ကျီလက်တို အပြာရောင်ကလေးကို ဘောင်းဘီတို အပြာရောင်လေးနှင့် တွဲဖက်ဝတ်ဆင်ထားသည့် မျက်နှာပြည့်ပြည့်ဝိုင်းဝိုင်းကလေးတွေ ၊ မျက်လုံးဝိုင်းဝိုင်းကလေးတွေနှင့် ဆံပင်အုပ်အုပ်ကလေးတွေရှိသည့် ကောင်ငယ်လေးတစ်ယောက်သည် ပျော်ရွှင်စွာ ေဆာ့ကစားနေလေသည်။

" တစ်ပွင့် နှစ်ပွင့် သုံးပွင့် လေးပွင့်.................
ဆယ်ပွင်​့ ရေး......... ပန်းကလေးတွေအများကြီးပွင့်နေပြီကွ "

ပွင့်လန်းနေသော ပန်းလေးများကိုရေတွက်ကာ ပျော်ရွှင်စွာ ခုန်ပေါက်နေသည့်ကောင်လေး။
တစ်ယောက်ထဲ ပန်းလေးတွေနှင့် ဆော့ကစားကာ စကားပြောလာသည်မှာ အခုဆို ကောင်လေး၏အသက်က ၁၄နှစ်။

" ဟင် ဟိုအပင်ကြီးမှာ ဘာထုပ်ကြီးလဲမသိဘူး
ဘယ်သူလာချိတ်သွားတာလဲသိဘူး သူများခြံထဲကိုကွာ "

ထိုကောင်ငယ်လေးဟာ ခြံဝန်းထဲက သရက်ပင်၏အကိုင်းတစ်ခုအရင်းနားမှာ အသိုက်ဖွဲ့နေကြသည်​့အရာကြီးသည် ပျားအုံဆိုတာကိုမသိပေ။

ကောင်ငယ်လေးသည် သရက်ပင်မှာထောင်ထားသည့် ဝါးလုံးကို ယူလိုက်ကာ သရက်ပင်က
ပျားအုံကြီးကို ထိုးထည့်လိုက်သည်။

ပျားတွေသည် သူတို့၏ အသိုက်မြုံကို လာရန်ပြုသည့်မည်သူကိုမဆို ထိခိုက်နာကျင်အောင်ပြန်လုပ်တတ်သည့်တိရစ္ဆာန်များ။ အခုလည်း သူတို့
နေသည့် အသိုက်ကိုလာရန်ပြုပြီမို့ ပျားဘုရင်ကြီးနှင့်အတူ ပျားအုံထဲမှ ရှိရှိသမျှပျားတွေအကုန်ထွက်လာကာ ကောင်ငယ်လေးကို ထိုးရန်အရှိန်အဟုန်ဖြင့် ပျားအုံထဲမှ ဆင်းသက်လာကြလေသည်။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Where stories live. Discover now