𝐸𝑝𝑖 - 13

7.4K 872 65
                                    

Unicode

" သားငယ်လေး အောင်မှာပါနော် အကိုတိုး
သားငယ်လေးက တော်ပြီးသားပဲကို"

"အင်း သားလေး အောင်မှာပါ "

အခုကတော့ဖြင့် အမောင်တေးဥသြ၏ အောင်စာရင်းကို ရင်ခုန်နေကြခြင်း။
ဖခင်ဖြစ်သူနှင့် အနာဂတ်ယောက္ခမလောင်းကတော့ ရင်ထဲမှာမုန်တိုင်းတိုက်နေပြီး မိခင်ဖြစ်သူကတော့ အေးအေးဆေးဆေးပင်။

" မိန်းမ မင်း သားအတွက် စိတ်မပူဘူးလား"

ဦးဆွေတိုးပြောလိုက်တော့ ဇနီးဖြစ်သူ၏ မျက်စောင်းက ဒိုင်းခနဲ။

" ကျွန်မက သားကို ယုံကြည်ထားပြီးသားလေ"

ဧည့်ခန်းထဲမှာ သုံးယောက်သား ဘာစကားမှ မပြောဖြစ်ကြတော့ပဲ တိတ်ဆိတ်စွာ ထိုင်နေမိကြသည်။
ကာယကံရှင်ဖြစ်သူ အမောင်တေးဥသြကတော့
အိပ်နေလိုက်တာများ သိုးလို့။ ဆင်အော်ရုံတင်မဟုတ် သူ့တတ်နင်းသွားတောင် သိမှာမဟုတ်ဖူး။

" ရပြီ ရပြီ အောင်စာရင်း ကြည့်လို့ရပြီ"

အချိန်ကား ည၁၂နာရီခွဲ။

" တွေ့ပြီ သားနာမည်ကို "

" ဘေးကို ကြည့်ပါအုံး အလုံးပါလား"

" ပါတယ် ပါတယ် ၂လုံးတောင်ကွ "

ဒါမှ ငါ့သားကွ.......။
ဦးဆွေတိုး၏ ရင်ထဲမှ အပူလုံးကြီး အခုမှ ကျတော့သည်။ သားလေး ဆယ်တန်းအောင်ခဲ့ပြီမို့။ သူသာ တစ်နေ့ မရှိတော့ရင် ပိုင်ဆိုင်သမျှ
လုပ်ငန်းတွေ အားလုံးကို သားလေးကသာ ဦးဆောင်ရမည်။ သားသည် ပညာတတ်တစ်ယောက်ဖြစ်နေမှ လက်အောက်ငယ်သားတွေက သားကို အထင်မသေးကြပဲ လေးစားကြမှာ။
ပတ်ဝန်းကျင်ဆိုသည့် အမျိူးကလည်း အဲ့တော့မှ
လူရာသွင်းကြမှာ။

" အမလေး ကျွန်မသားငယ်လေးက တော်လိုက်တာ မမရယ် ကြည့်ပါအုံး သားငယ်လေးကို ဆုချရမယ် ကဲ အိမ်ပြန်အုံးမယ် မမတို့ရေ မနက်ကျမှ
သားငယ်လေး လိုချင်တာတွေ ဝယ်ပေးရမယ်"

ဇနီးဖြစ်သူ ဒေါ်ဆွေသွေးထံမှ စကားသံထွက်လာသဖြင့် ထိုင်ခုံပေါ်ထိုင်နေသည့် ဦးဆွေတိုးလန့်ပင်
လန့်သွားရသည်။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Tempat cerita menjadi hidup. Temukan sekarang