Unicode
" ဟဲ့ ငတေး ဘာဖြစ်လာတာလဲ ဘာလို့ အိမ်ထဲပြေးဝင်လာတာလဲ "
အိမ်ထဲ ပြေးဝင်လာသည့် သားတော်မောင်ကြောင့် ယောကျာ်းအတွက် နွားနို့ဖျော်နေရင်း လှမ်းမေးလိုက်သည်။ ဘာမှလည်း ပြန်ဖြေမလာပါပဲ
အိမ်ပေါ်ထပ်ကို ပြေးတတ်သွားသော သားကြောင့် ထပ်မမေးတော့ပဲ နို့သာဆက်ဖျော်နေစဥ်
အိမ်ထဲ ထပ်ဝင်လာသော သားအိုးဆက်။" ဟယ် သားအိုးဆက် ဘာလိုလို့လဲ သား ဘာလဲ
ဟိုကောင်ငတေး ပြသနာရှာလာပြန်ပြီလား ထင်တယ် ငါ ထင်တယ် အဲ့ဒါကြောင့် မေးတာကို ပြန်မဖြေပဲ အိမ်ပေါ်ပြေးတတ်သွားတာကိုး "" ဥသြ အိမ်ပေါ်ထပ်မှာလား အန်တီ သား တတ်သွားလို့ ရလားဗျ "
" ရတယ် သား သွားလေ အပေါ်ထပ် ထိပ်ဆုံးအခန်း "
အန်တီဆီမှ ဘာဖြစ်လာကြတာလဲ ဆိုသည့်မေးခွန်းအကြည့်တွေကို မသိဟန်ပြုကာ ဥသြ၏ အခန်းကိုသာ တတ်လာခဲ့လိုက်သည်။
အခန်းရှေ့ရောက်တော့" အင့် ဒုန်း ဒုန်း "
အခန်းထဲမှ ငိုသံရော တစ်ခြားအသံပါ ကြားရသည်မို့ အိုးဆက် တံခါးပင်မခေါက်တော့ပဲ အမြန်
တံခါးဖွင့်ကာ ဝင်လိုက်သည်။" ထွက်သွား ဝင်မလာနဲ့ "
အခန်းထဲရောက်ရောက်ချင်း အော်ထုတ်လိုက်သော ဥသြကြောင့် အိုးဆက် ချက်ချင်းဥသြ၏
အနားကို သွားလိုက်ကာ" ဥသြ ကိုယ် တောင်းပန်ပါတယ်နော် အော်လိုက်မိလို့ ရုတ်တရပ်ဆိုတော့ ကိုယ်လည်း အော်လိုက်မိတာပါ တောင်းပန်ပါတယ်နော် "
" မပြောနဲ့ ထွက်သွား "
အိုးဆက်ကို အခန်းပြင် အတင်းတွန်းထုတ်နေသော ဥသြကြောင့် ဘယ်လောက် စိတ်ဆိုးနေလဲ
သိလိုက်သည်။ မျက်ဝန်းထဲမှ မျက်ရည်တွေလည်း ကျနေလေသည်။အခုပုံနှင့်ဆို ဘယ်လိုမှ ရှင်းပြလို့ရမည်မဟုတ်တာမို့ တွန်းထုတ်နေသော ဥသြ၏ လက်တွေကို
ဆွဲချူပ်လိုက်ကာ အိုးဆက်ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။" လွှတ် ဖယ် အီး........."
ရင်ခွင်ထဲမှ အတင်းရုန်းကာ အော်နေသော ဥသြကို ဖက်ထားလိုက်မိသည်။
ခဏကြာတော့မှ ရင်ခွင်ထဲက ကောင်လေး ငြိမ်သွားလေသည်။
ESTÁS LEYENDO
ပျားအုံဖူးစာ ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )
Romanceပျားအုံကြောင့် ဆုံတွေ့ခဲ့သည့် ဖူးစာဆိုပါစို့....။ ပျားရည်ဆိုတာ ချိူသောအရသာရှိတယ် အဲ့လိုပဲ... လူသားနှစ်ယောက်ချစ်ခြင်းကလည်း ချိူနေသတဲ့လေ။ ❌ သတိ ❌ (ပျားအုံ တုတ်နဲ့မထိုးရ ဖူးစာရှင်နှင့် တွေ့တတ်သည်...။) အိုးဆက် ❣ တေးဥသြ ဇာတ်လမ်းပါအကြောင်းအရာတွေသည် ရေးသူ...