𝐸𝑝𝑖 - 3

13K 1.4K 60
                                    

Unicode

မိသားစုသုံး​ယောက်သား ဧည့်ခန်းထဲမှာ TVကြည့်နေကြခြင်း။ သားတော်မောင်၏ အကြိုက်ဖြစ်သည့် ကြောင်နှင့်ကြွက် ကာတွန်းကားကို နားမလည်
ပါးမလည်နှင့် အတူတူ ထိုင်ကြည့်နေရတဲ့အဖြစ်။

သားတော်မောင်ကတော့ ကြောင်က ကြွက်ကို လိုက်ရိုက်ရင် ရယ်လိုက် ၊ ကြွက်က ကြောင်ကို ပြန်လုပ်ရင် ရယ်လိုက်နဲ့ တစ်ယောက်ထဲ အလုပ်ရှုပ်နေတာ။

မဖြစ် ဒီအကြောင်းကို ပြောကို ပြောရမည်။

" ကိုကို ရှင် ရှင့်သားကို နဲနဲပါးပါး မဆူတော့ဘူးလား ရှင့်သား ပြသနာရှာထားတယ်လေ "

တေးတေးလေး ကြောင်နှင့်ကြွက် ကြည့်နေရင်း
မာတာမိခင်က အဖေကြီးကို ခေါ်လိုက်သည်။ ဘာတဲ့ ကိုကို.......တဲ့။

အမေကြီး အဲ့လိုခေါ်ရင် သေချာပေါက် အဖေကြီးကလည်း ပြုံးဖြီးပြီး တေးတေးလေးကို ရင်ထဲက မပါတဲ့စကားတွေနှင့် ဆူပြအုံးမည်။ အဟင့် တေးတေးလေးဘဝ သနားစရာလေး.....။

" တေးဥသြ........ "

အဖေကြီး၏ လေသံမာမာဖြင့် ခေါ်သံ။

" ခင်ဗျာ.......... "

မျက်နှာလေးကို အတတ်နိုင်ဆုံးငယ်ကာ ထူးလိုက်သည်။ အမေကြီးကို ကြည့်လိုက်တော့ တေးတေးလေးကို ' ဘာတတ်နိုင်သေးလဲ ' ဆိုသည့် အကြည့်ဖြင့် ကြည့်နေလေသည်။

" ဟိုဖက်ခြံကို ပြောင်းလာတဲ့ သူတွေကို သွားပြီးနှောင့်ယှက်တယ်ဆို "

အရဲစွန့်ပြီး အဖေကြီးကို ကြည့်လိုက်တော့ မျက်လုံးတစ်ဖက် မှိတ်ပြလာသည်။ တေးတေးလေး ရယ်ချင်နေသည့်စိတ်ကို အောင့်အီးထားလိုက်ပြီး

" ဘယ်သူပြောလဲ သွားနှောင့်ယှက်တယ်လို့ "

" မင်းအမေ ငါ့မိန်းမ ပြောတာ "

အဖေကြီးအဲ့လို ပြောလိုက်တော့ မျက်ထောင့်နီကြီးဖြင့် ကြည့်လာသည်က အမေကြီး။

" ငါ အခုထဲက ကြိုပြောထားမယ်နော် ငတေး
နင် သူများသားအမိကို ​ဘာပြသနာမှ မရှာနဲ့ ကြားလား ကိုဆွေတိုး ရှင့်သားကို ရှင်ပြောနော် "

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Onde histórias criam vida. Descubra agora