𝐸𝑝𝑖 - 6

9.4K 997 21
                                    

Unicode

ထိုနေ့ကစလို့ ကောင်လေးနှစ်ယောက်၏ ရင်ခုန်သံတွေသည် စည်းချက်မညီစွာ လှုပ်ရှားခဲ့ကြသည်။ ဒါကို အိုးဆက်တစ်ယောက်လည်း သိနားလည်ခဲ့သည်။

ဥသြသည်လည်း သူ့နှလုံးခုန်သံကို ခံစားမိခဲ့ပါသည်။ အမောင် ဥသြနားလည်ခဲ့တာကတော့
သူ အမေကြီးက အဖေကြီးကို ညဖက်တွေဖျော်တိုက်သော နို့မှုန့်တွေကို ခိုးစားရင်ဖြစ်လာတတ်သော နှလုံးခုန်သံတွေလို အဲ့တုန်းကလည်းဖြစ်ခဲ့သည်ဆိုတာကိုပေါ့။

ဥသြ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး လူလိုသူလိုလေး ဝတ်ကာ အိမ်အောက်ထပ်ဆင်းလာလိုက်သည်။ ေအာက်ထပ်ရောက်တော့

" အမေကြီး သား မရှိလည်း ထမင်းတွေဟင်းတွေ
အရင်တိုင်းပဲ ချက်နော် သားပြန်လာရင် စားအုံးမှာ "

ဒေါ်ဆွေသွေး သားတော်မောင်၏အသံကြားလို့
ကြည့်လိုက်တော့ အမယ်...... ဒင်းက ပြင်ဆင်ထားလိုက်တာ ရေမွှေးနံ့တွေကို မွှန်ထူနေတာပဲ။

" ငတေးရယ် လျှာမရှည်နဲ့ ငါ သိတယ် ကြွစရာရှိတာသာ ကြွ အဲ့မှာအပြီးသာ သွားနေရင်လည်း ငါ
အိုးစည်ဗုံမောင်းတီးပြီး လိုက်ပို့ပေးမှာ စိတ်ချ "

အဲ့အမေကြီးကလေ ဒီသားလေးတစ်ယောက်ထဲရှိတာကို နဲနဲဆို နဲနဲမှ အကောင်းမပြောဘူး။ အမြဲတမ်း လူကို အဲ့လိုကြီးပဲ ဟွန့်.......။

" သွားနေမှာ သွားနေမှာ မေမေရွှန်းက တေးတေးကိုဆို အရမ်းချစ်တာ "

တကယ်ပြောတာ မေမေရွှန်းက တေးတေးလေးကို အရမ်းချစ်ပြီး အရမ်းအလိုလိုက်တာ။

အမေကြီးကို ကြွားလိုက်ပြီး ကိုအိုးတို့အိမ်ကို လာလိုက်သည်။ တေးဥသြ၏မျင်နှာလေးကတော့ ပြုံးပျော်နေခြင်းအတိဖြင့်။

ကိုအိုးတို့ခြံထဲရောက်တော့ ကိုအိုးကို ရှာလိုက်သည်။ ဘယ်သူမှမတွေ့။ ခါတိုင်းဆို ကိုအိုးက
ခြံထဲက သူစိုက်ထားသည့်အပင်တွေကို ရေလောင်းနေကြလေ။

အိမ်ထဲကို ဆက်ဝင်လာလိုက်တော့ မီးဖိုချောင်ဘက်က အသံတွေကြားသည်မို့ တန်းသာဝင်သွားလိုက်သည်။ ဟော............ တွေ့ပါပြီ ။ မေမေရွှန်းရယ် ဟင်းတွေချက်နေတာ တစ်ယောက်ထဲ လက်မလည်ပေ။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Donde viven las historias. Descúbrelo ahora