𝐸𝑝𝑖 - 16

7.7K 855 32
                                    

Unicode

Canteen ထဲဝင်လာသော ကိုအိုးသည် ဥသြကို
တကယ်ပဲ မမြင်တာလား ၊ မြင်လျက်သားနဲ့ မမြင်ချင်ယောင်ဆောင်သွားတာလား ဥသြ မသိပါ။
ဥသြ သိသည်က စိတ်ထဲတကယ်ငိုချင်စိတ်ပေါက်တာပင်။

လေးယောက်သား ပျော်ရွှင်စွာ စကားပြောနေရာမှ တိတ်သွားသော တေးတေးကြောင့် ကျန်တဲ့သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ခုဏကပဲ သူ ဦးဆောင်ပြီးပြောနေသော စကားဝိုင်း။ အခုတော့ သူက မျောက်မှိုင် မှိုင်သွားလေပြီ......။

" ဘာဖြစ်သွားတာလဲ..... "

" မသိဘူးလေ "

" ငဖြိုး မင်း ခေါ်ကြည့်စမ်း "

" ရတာပေါ့....."

ဝိုင်းဖြိုးသည် ငြိမ်နေသော တေးတေးကို ခေါ်ရန်
သူ့နှုတ်ခမ်းဆူကာ တေးတေးကို နမ်းရန် မျက်လုံးကြီးမှိတ်ကာ အရှိန်ဖြင့်လာလေသည်။ ထိုချိန် တေးဥသြသည် အနောက်ဖက်ကို ခေါင်းကို လှည့်လိုက်သတဲ့။
အခုတော့......... မျက်လုံးကြီးမှိတ် နှုတ်ခမ်းကြီးဆူနေသော ဝိုင်းဖြိုးသည် လေဟာနယ်ထဲ ရပ်တန့်လျက်.....။

ဥသြ တွေးနေမိသည်... ကိုအိုးကို လှည့်ကြည့်လိုက်ရင်ကောင်းမလား ၊ မကြည့်ရင် ကောင်းမလားဆိုတာကို။ အကယ်၍ ဥသြ လှည့်ကြည့်လိုက်လို့ ကိုအိုးနှင့် ကောင်မလေးတို့ ပြုံးပျော်နေသည်ဆိုလျှင် ဥသြနှလုံးသားလေး နာကျင်ရအုံးမည်။ လှည့်မကြည့်ပြန်ရင်လည်း ကိုအိုးတို့ ဘာလုပ်နေကြမလဲ ဥသြ မသိနိုင်ပေ။

နောက်ဆုံး ဥသြ အားတင်းကာ အနောက်ကို လှည့်ကြည့်လိုက်သည်။

" ဟင်...... မရှိတော့ဘူး "

ကိုအိုးသည် မရှိတော့ပေ။ ဘယ်တုန်းက ထွက်သွားသည်မသိလိုက်။ ထိုင်ခုံတွင် ကောင်မလေးနှင့် တစ်ခြားကောင်လေးတစ်ယောက်သာ ရှိနေတော့သည်။

ဥသြ အနောက်ကို လှည့်နေရာမှ အရှေ့ကို ပြန်လှည့်လိုက်တော့

" အောင်မလေးဗျ..... ဝိုင်းဖြိုး ဘာလုပ်နေတာလဲ "

ဥသြ၏ အရှေ့တည့်တည့်မှာ နှုတ်ခမ်းကြီးဆူကာ
မျက်လုံးမှိတ်ကြီး ငြိမ်နေသော ဝိုင်းဖြိုး။ တော်ပါသေးရဲ့ ဥသြ အမြန် ခေါင်းကို နောက်ဆုတ်လိုက်မိလို့ ။ မဟုတ်ရင်တော့လား ဥသြ၏ first kiss
လေး ဒီနှာဘူးကို ပေးလိုက်ရတော့မလို့။

ပျားအုံဖူးစာ  ( ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕 )Where stories live. Discover now