Chapter (19)

7.4K 1.1K 8
                                    

အမတ်ကြီး ချောင်းရှုလန်နှင့် အမတ်ကြီး ကောင်းရှန့််တို့သည် နှစ်ဦးသား မိသားစုစားပွဲကို အကြောင်းပြ၍ တိတ်တဆိတ် တွေ့ဆုံခဲ့လေသည်။

၎င်းတို့သည် ဘုရင်မင်းမြတ်၏ တဖြည်းဖြည်း တင်းကျပ်လာမည့် ကိုင်တွယ်မှုများကို ကြိုတင်တွေးဆပြီး ဖြစ်သည်။ ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာများသည် အကန့်သတ်ခံနေရသည်။ နန်းတွင်း၌လည်း အိမ်တော်နှစ်ခုလုံး၏ အင်အားသည် လျှော့ချခြင်းခံရ၍ နည်းလာလေသည်။

ပို၍ဆိုးသည်က ဘုရင်မင်းမြတ်သည် ယခင်သူ၏ခမည်းတော်နှင့် မတူ။ အရည်အချင်းနှင့် ပြည့်စုံပြီး ပြည်သူလူထု၏ ထောက်ခံမှု အပြည့်အဝ ရနေလေသည်။

ဤအတိုင်းသာ ဆက်၍ သွားလျှင် အိမ်တော်နှစ်ခုလုံးမှာ ချောင်လည်ဖို့ရာ အကြောင်းမရှိ။ မျိုးဆက်နှင့်ချီကာ တည်ဆောက်ခဲ့ရသော ဥစ္စာစီးပွားတို့သည် တဒင်္ဂအတွင်း ကွယ်ပျောက်ဖို့ရာသာ ရှိသည်။

ထိုသို့သော အကြောင်းများကြောင့် အမတ်ကြီးနှစ်ယောက်သည် ချွမ်ဟောင်ပုန်ကန်မှုကို ပြန်လည် အသက်သွင်းရန် ဆုံးဖြတ်လိုက်သည်။

အန္တရာယ် ကြီးမားသော ဆုံးဖြတ်ချက် ဖြစ်သော်လည်း မည်သည့်အရာမှတော့ မစွန့်စားဘဲ မအောင်မြင်နိုင်ချေ။

ချောင်းအိမ်တော် လက်ဝဲအမတ်ကြီးအနေနှင့် သူ၏ သမီးတော်ကို ဧကရီအဖြစ်မှ ဖယ်ရှားလိုက်ခြင်းအတွက် ဘုရင်အပေါ် အငြိုးထားသည်က အမှန်ပင်။

ကောင်းအမတ်ကြီးသည်လည်း ဤအစီအစဥ်၌ သူ၏သားကို နန်းဆက်ပလ္လင် ဆက်ခံသူအဖြစ် အဆိုတင်လာခြင်း ဖြစ်သောကြောင့် ငြင်းဆန်ဖို့ရာခက်သွားသည်။ အနာဂတ်တွင် ကောင်းအိမ်တော်သည် ဟန်အင်ပါယာကို အုပ်စိုးသူများ ဖြစ်လာနိုင်သည့် အခွင့်အရေး မဟုတ်ပါလော။

ပုန်ကန်မှုသည် နေ့ချင်းညချင်း ဖန်တီးပြုလုပ်နိုင်သည့် အရာမဟုတ်သောကြောင့် လများစွာ အချိန်ယူဖို့ရာတော့ ၎င်းတို့ပြင်ဆင်ထားသည်။ အခွင့်အရေးကို စောင့်ဆိုင်းပြီး အခါသင့်လျှင် လှုပ်ရှားမှုကို ချက်ချင်းမဆိုင်း စတင်မည် ဖြစ်သည်။

Victorious Emperor (Complete) Where stories live. Discover now