Chapter (1)

27.4K 2.5K 144
                                    

Unicode

ဟန်နိုင်ငံတော်သည် ထန်းဝမ်တိုက်တွင် အင်အားအကြီးဆုံးဖြစ်ပြီး နိုင်ငံကို အစိုးရသူသည် ဘုရင်ကြီး လုဝမ်ယီ ဖြစ်သည်။ သူသည် အလိုရမ္မက်ကြီးပြီး ညံ့ဖျင်းသော ဘုရင်တစ်ပါးဖြစ်သည်။

ထိုကဲ့သို့ မင်းဆိုးမင်းညစ်အောက်တွင် ရှိသည့်တိုင် ဟန်နိုင်ငံတော်၏ တန်ခိုးသြဇာကား ကြီးမားမြဲ ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ လုဝမ်ယီကြောင့် မဟုတ်ချေ။ သူ၏ သားတော် လုရှောင်ဖုန်းကြောင့်သာ ဖြစ်သည်။

လုရှောင်ဖုန်းသည် ငယ်ရွယ်ပြီး အစွမ်းထွက်သော မင်းသားတစ်ပါးဖြစ်သည်။ သူသည် အသက်ငယ်ငယ်လေးကတည်းက နန်းတွင်းရေးကို ကောင်းကောင်း ကိုင်တွယ်ပြီး တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းရှိခဲ့သည်။

ဟန်နိုင်ငံသားတိုင်းသည် တိုင်းပြည်တွင် အမှန်တကယ် အာဏာရှိသူမှာ ဘုရင်ကြီး မဟုတ်ဘဲ အိမ်ရှေ့စံ လုရှောင်ဖုန်းသာ ဖြစ်ကြောင်း သိကြလေသည်။

ဘုရင်ကြီးလုဝမ်ယီ ကွယ်လွန်ပြီးနောက် သားတော် လုရှောင်ဖုန်း နန်းတက်လာခဲ့သည်။ သူသည် မင်းသားဘဝကတည်းက တိုင်းပြည်ကို ကောင်းစွာကိုင်တွယ်နိုင်ခဲ့သူဖြစ်ရာ သူ့လက်ထက်တွင် တိုင်းပြည်က ပိုမို အင်အားကြီးလာသည်။

လုရှောင်ဖုန်းသည် ရည်ရွယ်ချက်ကြီးမားပြီး တိုင်းပြည်ကို စည်းစနစ်ကျစွာ အုပ်ချုပ်သော ဘုရင်တစ်ပါးဖြစ်သည်။ သူသည် ဥာဏ်အမျှော်အမြင်ကြီးမားပြီး ပညာရှိသူဖြစ်သည်။

နန်းတွင်း၏ အုပ်ချုပ်မှုစနစ်ကို အမြစ်ကလှန်ပြီး ပြောင်းပစ်ချင်သော လုရှောင်ဖုန်းသည် သူနန်းတက်ချိန်ကစပြီး အရာရှိစာမေးပွဲများကို ကျင်းပစေကာ တော်ပြီး ထက်မြက်သော လူငယ္မ်ားကို နေရာကောင်းပေးကာ ချီးမြှောက်လေ့ရှိသည်။

ယခုနှစ်အရာရှိစာမေးပွဲတွင် ထိပ်ဆုံးက အောင်မြင်သူက ဝေပြည်နယ်က လူငယ်လေးတစ်ယောက်ဖြစ်သည်။

သူ၏ နာမည်က ပိုင်ရှင်းဝူ။

နန်းတွင်းညီလာခံတွင် မှူးမတ်တို့စုရုံးကာ တီးတိုးပြောနေကြသည်။ ယနေ့သည် ဘုရင်မင်းမြတ်က အရာရှိစာမေးပွဲမှ ပထမဖြင့် အောင်မြင်သူကို ရာထူးခန့်အပ်မည့် အခမ်းအနား ဖြစ်သည်။

Victorious Emperor (Complete) Tempat cerita menjadi hidup. Temukan sekarang