Chapter (3)

12.9K 1.9K 76
                                    


Unicode

လုရှောင်ဖုန်းသည် ညီလာခံသွားရမည်ကို စစ်ပွဲတစ်ပွဲဆင်နွှဲရသည့်နှယ် အောက်မေ့လေသည်။

တစ်ခုရှိသည်က စစ်ပွဲတွင် ရန်သူက ဓားကို ပေါ်ပေါ်တင်တင်ကိုင်ဆောင်ကာ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ညီလာခံတွင်မူကား မည်သူမည်ဝါက ရန်သူ မည်သူမည်ဝါက မိတ်ဆွေဟု ခွဲခြားမရပေ။

တိုင်းပြည်၌ အာဏာစက်ပြင်းသော ဘုရင်တစ်ပါးဖြစ်သည့်တိုင်အောင် သူသည်လည်း မည်သူက ယုံကြည်ထိုက်သူဟု မသိနိုင်ပေ။

လုရှောင်ဖုန်းကို ခေါင်းအခဲစေဆုံးမှာ သူ၏ ခမည်းတော်လက်ထက်ကတည်းက သက်တော်ရှည်အမတ်ကြီးနှစ်ဦးဖြစ်သည့် လက်ဝဲအမတ်ကြီး ချောင်းရှုလန်နှင့် လက်ယာအမတ်ကြီး ကောင်းရှန်တို့ဖြစ်သည်။

ချောင်းအိမ်တော်နှင့် ကောင်းအိမ်တော်မှာ နန်းတော်ပြီးလျှင် တိုင်းပြည်၌ အာဏာအကြီးဆုံး အိမ်တော်များဖြစ်သည်။ အစေခံခြွေရံသင်းပင်းများစွာအပြင် ကိုယ်ပိုင်စစ်တပ်များပါရှိသော အနှီအိမ်တော်နှစ်ခု၏ အင်အားက လျှော့တွက်၍ မရပေ။

လုရှောင်ဖုန်းသည် နန်းတွင်းအရေး၌ ထိုအမတ်ကြီးနှစ်ဦး နေရာများစွာ၌ ဝင်၍စွက်ဖက်သည်ကို သူသိပြီးဖြစ်သည်။ သူသည် ထိုစဥ်က အိမ်ရှေ့မင်းသားတစ်ပါးသာ ဖြစ်သည့်အတွက် အခြေအနေကိုကြည့်နေခဲ့ရလေသည်။

ယခုမူကား သူကိုယ်တိုင်ဘုရင်ဖြစ်လာပြီ ဖြစ်သည်။ မညီမျှသော အင်အား ချိန်ခွင်လျှာကို သူကြိုးစား၍ ညှိရပေတော့မည်။

သူ့အသက်နှင့် တိုင်တည်ပြီးကျိန်ရဲသည်။ ထိုအမတ်ကြီးနှစ်ပါးနှင့် နောက်လိုက်များသည် ဘုရင်ကို သူ့တို့လက်ခုပ်ထဲထည့်ကာ သူတို့ကြိုးဆွဲရာကရန်သာ ဆန္ဒရှိကြပြီး ဟန်တိုင်းပြည်နှင့် လူမျိုးကောင်းစားရေးအတွက် နည်းနည်းမှ စိတ်မဝင်စားချေ။ သူတို့အချင်းချင်း သူ့ထက်ငါသာရေးသာ ပြိုင်ဆိုင်နေကြသည်။

လုရှောင်ဖုန်းသက်ပြင်းချကာ ညီလာခံခန်းမဆောင်လှမ်းဝင်လာလေသည်။

"မင်းကြီး. . .သက်တော်ရာကျော်ရှည်ပါစေ''

ရာချီသော အမတ်တို့က ဝပ်တွားခယကာ အရိုအသေပြုကြသည်။

Victorious Emperor (Complete) Donde viven las historias. Descúbrelo ahora